ရှေ့သို့
Image

အေတီကိုသို့ပြောင်းရွေ့ရတာ အရမ်းကိုပျော်ရွင်ပါတယ်။ အသင်းအတွက် အာလုံးပေးဆပ်ပြီးကစားသွားမှာပါ - လော်ရန်တေး

11:13 AM, 22 June

ကြာပသတေးနေ့တွင် ရီးရဲလ်မက်ဒရစ်အသင်းထံမှ လက်မှတ်ထိုးခေါ်ယူလိုက်ပြီလို့ အတည်ပြုပြောကြားပြီး နောက်မှာတော့ အေတီကိုအသင်းနှင့် အတူ လော်ရန်တေးကတော့ ဆေးစစ်နေပြီဖြစ်ပါတယ်။

အသက် ၂၄နှစ်အရွယ်ကွင်းလယ်ကစားသမားဟာ အေတီကိုနှင့် ၅နှစ် သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး  နောက်တစ်ပတ်တွင်တော့ အသင်းတွင် မိတ်ဆက်သွားမှာဖြစ်ပါတယ်။

''ကျွန်တော် အရမ်းကိုစိတ်လှုပ်ရှားမိပါတယ် လို့ လော်ရန်တေးက ဆေးရုံမှာပြောဆိုခဲ့ပါတယ်။  ဒီလိုလာချင်နေတဲ့အတွက်ကြောင့် အရမ်းကိုပျော်ရွင်မိပါတယ်။ ဒါက ရည်ရွယ်ရှိတဲ့ခေါ်ယူမှုဖြစ်ပြီး အသင်းက ကျွန်တော့်အပေါ်မှာပုံအောထားတာပါ ''

လော်ရန်တေးဟာ ရီးရဲလ်မှ အေတီကိုသို့ပြောင်းရွေ့တဲ့ ၁၁ ယောက် ကစားသမားဖြစ်ပြီး အတူပူးပေါင်းဖို့အတွက်ကိုတော့ စိုးရိမ်စိတ်မရှိနေတာပါ။

''ကျွန်တော် မကြောက်ပါဘူး '' လို့ သူက ရှင်းပြပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက် ပေးဆပ်ခဲ့တာတွေကိုသိပြီး တည်ငြိမ်မှုရှိရှိနဲ့ ဒီကိုလာခဲ့တာပါ။ ကျွန်တော်လုပ်နိုင် တာထက်ကိုပိုပြီး လုပ်ခဲ့ပါတယ်။ အခုတော့ ဒီအသင်းအတွက် အားလုံးပေးဆပ်ပြီးကစားသွားမှာပါ။ ကျွန်တော် လုပ်နိုင်သလောက် အကောင်းဆုံး လုပ်မှာပါ။ ပရိသတ်တွေအတွကလည်း ပေးဆပ်ပြီးကစားသွားမှာပါ '' လို့ သူကပြောပါတယ်။

လော်ရန်တေးဟာ ဆီမြွန်နီရဲ့လက်အောက်တွင် အသင်းသားများရဲ့ ရာသီအကြိုအတွက်ပြင်ဆင်လေ့ကျင့်မည့်  ဇူလိုင်လ ၄ ရက်နေ့ ကနေစတင်ပြီးကစားသွားမှာဖြစ်ပါတယ်။

#လာလီဂါ #လော်ရန်တေး