ရှေ့သို့
Image

ကွင်းလယ်ကစားသမား အဲရစ်ဆင်အတွက် ရီးရဲလ်ကစားသမားတစ်ဦးကို တောင်းဆိုလိုက်တဲ့ စပါး

9:13 AM, 22 June

စပါးအသင်းကတော့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို ခေါ်ယူလိုတယ်ဆိုရင် ကွင်းလယ်ကစားသမား မားကို့စ် အဆန်စီယိုကိုပြန်ပေးရမယ်လို့ တောင်းဆိုလိုက်ပါတယ်။

ဆမ်းသတင်းဌာနကတော့ စပါးအသင်းဟာာ အဆိုပါ ကွင်းလယ်ကစားသမားကို ဘာနေဗျူးအသင်းထံ လက်လွှတ်ခံမှာဖြစ်ပေမယ့် တိုက်ရိုက်အလဲအလှယ်သဘောမျိုးတောင်းဆိုဖွယ် ရှိနေတယ်လို့ဖော်ပြလိုက်ပါတယ်။

သတင်းတွေကတော့ ရီးရဲလ်အသင်းဟာ အဆိုပါဒိန်းမတ်သားအတွက် ငွေသား ၄၅ သန်းအပြင် လူငယ်ကစားသမား စီဘယ်လော့ကိုပါ အလိုက်ပေးကမ်းလှမ်းဖို့စီစဉ်နေတယ်လို့ ဖော်ပြနေကြပေမယ့် စပါးအသင်းကတော့ အဆန်စီယိုကိုသာ အလိုရှိနေတယ်လို့ ထပ်လောင်းဖော်ပြလိုက်ပါတယ်။

အဆိုပါကွင်းလယ်ကစားသမားလေး အဆန်စီယိုကိုတော့ ဂျူဗင်တပ်စ်အသင်းနဲ့ လီဗာပူးအသင်းတို့က ခေါ်ယူဖို့ချဉ်းကပ်ခဲ့ကြသေးတာဖြစ်ပါတယ်။

ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ စပါးကွင်းလယ်ကစားသမား အဲရစ်ဆင်ကိုခေါ်ယူဖို့အတွက်စဉ်းစားလာနိုင်ပြီး ၎င်းတို့ကတော့ အဆန်စီယိုအစား စီဘယ်လော့ကိုသာ အလိုက်ပေးချင်ပေမယ့် စပါး အသင်းကတော့ ကွင်းလယ်ဖန်တီးရှင်နေရာမှာ တိုက်ရိုက်အစားထိုးဖို့ပဲအလိုရှိနေကာ အဆန်စီယိုကိုသာတောင်းဆိုနေတာဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ ၂၀၁၃ ခုနှစ်က အေဂျက်အသင်းကနေ ပေါင် ၁၀.၉သန်းနဲ့စပါးအသင်းပြောင်းရွှေ့လာခဲ့တာဖြစ်ကာ အသင်းနဲ့အတူ ၆နှစ်တာ ကာလကိုဖြတ်သန်းခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဒီနွေအပြောင်းအရွှေ့မှာ ကစားသမားတော်တော်များများကိုခေါ်ယူထားပြီး မကြာသေးခင်ကမှ ချဲလ်ဆီးကစားသမား အီဒင် ဟာဇက်ကိုခေါ်ယူထားခဲ့သလို အခုလည်း ကွင်းလယ်နေရာမှာ အဲရစ်ဆင်ကို ခေါ်ယူဖို့စီစဉ်နေတာဖြစ်ပါတယ်။

#စပါး #အဲရစ်ဆင်