ရှေ့သို့
Image

ဂျူဗင်တပ်စ်အသင်းကို ယူရို ၇၀ သန်းနဲ့ နောက်ခံလူ ဒီလစ်ဂ်ျပြောင်းရွှေ့ဖို့နီးစပ်နေတယ်လို့ သတင်းအများ စုဖော်ပြ

9:05 AM, 22 June

ဒတ်ခ်ျသတင်းဌာနတော်တော်များများကတော့ အေဂျက်နောက်ခံလူ ဒီလစ်ဂ်ျဟာ ဂျူဗင်တပ်စ်အသင်းကို ယူရို ၇၀ သန်း  တစ်နှစ်လုပ်ခ ယူရို ၂၀သန်းနဲ့ ပြောင်းရွှေ့ဖို့နီးစပ်နေတယ်လို့ဖော်ပြနေကြပါတယ်။

အဆိုပါနောက်ခံလူကိုတော့ ဂျူဗင်တပ်စ်အပြင် ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ် ၊ ပီအက်စ်ဂျီ ၊ မန်ယူအသင်းတို့ကလည်း ခေါ်ယူလိုနေကြတာဖြစ်ပါတယ်။

ဒတ်ခ်ျသတင်းဌာန တယ်လီဂရက်ဇ်ကတော့ နောက်ခံလူ ဒီလစ်ဂ်ျဟာ ဂျူဗင်တပ်စ် အသင်းကို ယူရို ၇၀သန်းနဲ့ပြောင်းရွှေ့တော့မယ်လို့ဖော်ပြခဲ့ပါတယ်။

စကိုင်းစပေါ့ အီတလီယာ သတင်းထောက် ဒီမာဇီယိုကလည်း ဂျူဗင်တပ်စ်အသင်းဟာ နယ်သာလန်နောက်ခံကစားသမားလေး အတွက်အမြန်ဆုံးအပြီးသတ်ဆောင်ရွက်နေတယ်လို့ပြောကြားလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေအရတော့ နောက်ခံလူ ဒီလစ်ဂ်ျဟာ ဂျူဗင်တပ်စ်အသင်းမှာ တစ်နှစ်လုပ်ခယူရို ၂၀ သန်း အထိ ရရှိမှာဖြစ်ကာ တိုက်စစ်မှူး ရော်နယ်ဒို ယူရို ၃၀ သန်းပြီးနောက် ဒုတိယလုပ်ခလစာအများဆုံး ကစားသမားဖြစ်လာဖွယ် ရှိနေပါတယ်။

#စီးရီးအေ #မန်ချက်စတာယူနိုက်တက် #ဘာစီလိုနာ #ဒီလစ္ဂ်္