ရှေ့သို့
Image

ဘယ်နောက်ခံလူ တီယာနေးအတွက်ပေါင် ၂၅သန်း အထိတောင်းဆိုလိုက်တဲ့ ဆဲလ်တစ်

9:00 AM, 22 June

သတင်းတွေအရတော့ အာဆင်နယ် အသင်းဟာ ဆဲလ်တစ်ဘယ်နောက်ခံလူ တီယာနေးကို ပေါင် ၁၅ သန်းနဲ့ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး ဆဲလ်တစ်အသင်းကပေါင် ၂၅သန်းအထိ တောင်းဆိုလိုက်တယ်လို့ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အဆိုပါကစားသမားလေးကို နာချိုမိုရီရယ်နေရာမှာအစားထိုးဖို့အလိုရှိနေတာဖြစ်ပါတယ်။

ဆဲလ်တစ်အသင်းကတော့ အသက် ၂၂နှစ်အရွယ်ကစားသမားလေးအတွက် ကမ်းလှမ်းမှုတွေကိုစောင့်မျှော်နေတယ်လို့ဆိုလိုက်ကာ အလျင်စလိုရောင်းချမှာမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။

နည်းပြ အမ်မရီကတော့ လာမယ့်ရာသီမှာ အသင်းကိုချန်ပီယံလိဂ်ဝင်ခွင့်ပြန်လည်ရရှိအောင် စွမ်းဆောင်နိုင်ဖို့အတွက် အသင်းလူစာရင်းကိုအကောင်းဆုံးပြင်ဆင်လိုနေပါတယ်။

ဒါပေမယ့်လည်း အခြားတစ်ဖက်မှာက အသုံးစရိတ်ပေါင် ၄၅သန်းသာရှိနေခြင်းကစိတ်ပျက်ဖွယ်ရာဖြစ်နေပါတယ်။

သတင်းတွေအရတော့ အာဆင်နယ် အသင်းဟာ တီယာနေးကိုပေါင် ၁၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး ဆဲလ်တစ်အသင်းက နောက်ထပ်ပေါင် ၁၀သန်းအလိုရှိနေတယ်လို့ဖော်ပြခဲ့ကြပါတယ်။

အဆိုပါဘယ်နောက်ခံကစားသမားလေးကိုတော့ အာဆင်နယ် အသင်းအပြင် မန်ယူအသင်းကလည်းခေါ်ယူဖို့အလိုရှိနေတာဖြစ်ပါတယ်။
 ထို့အတွက် မန်ယူအသင်းနဲ့ အပြိုင်ငွေမသုံးနိုင်ခြင်းက အပြောင်းအရွှေ့ကိစ္စကို တော်တော်လေးထိခိုက်လာနိုင်ပြီး အသင်းရဲ့ပစ်မှတ်တွေကိုပါ ဆုံးရှုံးရဖွယ်ရှိနေပါတယ်။

အာဆင်နယ်အသင်းကတော့ နောက်ခံလူနေရာမှာ တီယာနေးအပြင်  စိန့်အက်တီယန်နောက်ခံလူ ဆာလီဘာ၊ ဆမ်ဒိုးရီးယားနောက်ခံလူ ဂျိုအာချင် အန်ဒါဆန် ၊ ပီအက်စ်ဂျီနောက်ခံလူ ကင်ပန်ဘီစတဲ့ကစားသမားတွေကိုလည်း ခေါ်ယူဖို့စီစဉ်နေတာဖြစ်ပါတယ်။
#တီယာနေး