ရှေ့သို့
Image

ကွင်းလယ်လူ လော်ရန်တေးကို ရောင်းထုတ်ခဲ့တဲ့ အတွက် ရီးရဲလ် ပရိသတ်တွေ စိတ်ပျက်နေ

5:45 PM, 21 June

ရီးရဲလ်မက်ဒရစ် အသင်းဟာ ကွင်းလယ်လူ မားကို့စ် လော်ရန်တေးကို မြိုခံ ပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်အသင်းထံ ရောင်းချခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးကတော့ ယူရို ၃၅ သန်းဖြစ်ပြီး အဆိုပါ အပြောင်းအရွှေ့ကို ရီးရဲလ် ပရိသတ်တွေကတော့ မကျေမနပ်ဖြစ်ကာ ဒေါသ ထွက်ခဲ့ကြပါတယ်။

အသက် ၂၄ နှစ်အရွယ် လူငယ် ကစားသမားတစ်ယောက်ကို ဆုံးရှုံးခဲ့ရတဲ့ အတွက် မကျေနပ်သလို မြို့ခံ ပြိုင်ဘက်အသင်းထံ ရောင်းချခဲ့တဲ့ အတွက်လည်း ပေါက်ကွဲမှုတွေ ရှိခဲ့တာပါ။ 

ပရိသတ်တစ်ဦးက "ပြီးခဲ့တဲ့နှစ်က မားကို့စ်ဟာ အကောင်းဆုံး ကစားသမား တစ်ယောက်ပါ"လို့ ရေးသားခဲ့ပါတယ်။

နောက်တစ်ဦးက "ဒီလို အလားအလာရှိတဲ့ လူငယ်တစ်ယောက်ကို မြို့ခံပြိုင်ဘက်ကို ရောင်းတယ် ?? ဒီရောင်းချမှုရဲ့ နောက်ကွယ်မှာ ကောင်းမွန်တဲ့ အကြောင်းပြချက် ရှိမယ်လို့ မျှော်လင့်ပါတယ်"လို့ ဆိုပါတယ်။

နောက်တစ်ဦးကတော့ လာမယ့်နှစ်တွေ အတွင်း လော်ရန်တေးရဲ့ ပြောင်းရွေ့ကြေးဟာ ယူရို သန်း ၁၀၀ အထိ မြင့်တက်သွားမယ်လို့ ယုံကြည်နေပါတယ်။ 

#လာလီဂါ #လော်ရန်တေး