ရှေ့သို့
Image

ယနေ့အတွက် မန်စီးတီး အသင်း သတင်းတိုများ

4:45 PM, 21 June

မန်စီးတီးအသင်းဟာ ဆိုရှယ်အသင်းရဲ့ကွင်းလယ်ကစား လူဆီယန် အာဂိုမီကိုခေါ်ယူဖို့ အတွက် အင်တာမီလန်အသင်းနဲ့ အပြိုင်ကြိုးပမ်းနေပါတယ်။

အင်တာမီလန်အသင်းကတော့ အဆိုပါကစားသမားလေးကို ခေါ်ယူဖို့ထိပ်ဆုံးက ရေပန်းစားနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပေမယ့် မန်စီးတီးအသင်းက ကြားဖြတ်ခေါ်ယူဖို့ကြိုးပမ်းလာတာဖြစ်ပါတယ်။

မန်စီးတီးအသင်းတိုက်စစ်မှူးဟောင်း ဘယ်လာမီကတော့ အန်ဒါလက်ခ်ျယူ - ၂၁အသင်း နည်းပြ အဖြစ်ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

အဆိုပါတိုက်စစ်မှူးကတော့ အသင်းဖော်ဟောင်း ဗင်းဆင့် ကွန်ပနီနဲ့ အန်ဒါလက်ခ်ျအသင်းမှာပြန်လည် ပေါင်းဆုံတော့မှာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ချဲလ်ဆီးအသင်းကိုကျော်ဖြတ်ပြီး မီလ်ဝေါအသင်းရဲ့လူငယ်ကစားသမားလေး ဆမ်မြူရယ် အီဒိုဇီကိုခေါ်ယူနိုင်ခဲ့ပါတယ်။

အဆိုပါကစားသမားလေးကိုတော့ ချဲလ်ဆီး အသင်းအပြင် ဂျာမန်ကလပ်တွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်နဲ့ လိုက်ပ်ဇစ်အသင်းတို့ကလည်း ခေါ်ယူဖို့ကြိုးပမ်းခဲ့ကြပေမယ့် မန်စီးတီးအသင်းက လက်ဦးမှုရယူနိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးကတော့ မန်စီးတီးတောင်ပံကစားသမား ဆာနေးကို ခေါ်ယူဖို့ကြိုးစားနေတဲ့အပေါ် စိတ်လှုပ်ရှားမိတယ်လို့ဆိုလိုက်ပြီး မကြာခင်မှာ အသင်းထံ ရောက်လာမယ်လို့ယုံကြည်နေပါတယ်။

သတင်းတွေအရတော့ ဘိုင်ယန်အသင်းဟာ စီးတီးအသင်းတောင်ပံကစားသမားအတွက် အသည်းအသန်ကြိုးပမ်းနေတယ်လို့ ဖော်ပြနေကြပါတယ်။

မန်စီးတီးအသင်းဟာ ၀က်စ်ဟမ်းအသင်းရဲ့ကွင်းလယ်ကစားသမားလေး ဒီကလန်ရိုက်စ်ကိုခေါ်ယူဖို့ ချိန်ရွယ်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

သို့ပေမယ့်လည်း စကိုင်းစပေါ့သတင်းဌာနကတော့ ၀က်စ်ဟမ်းအသင်းဟာ အဆိုပါကြယ်ပွင့်ကစားသမားကို ရောင်းချဖို့ဆန္ဒမရှိဘူးလို့ဖော်ပြခဲ့ပါတယ်။

အီတလီသတင်းဌာနတစ်ခုဖြစ်တဲ့ ဒယ်လိုစပေါ့ကတော့ မန်စီးတီး အသင်းဟာ နာပိုလီအသင်း နောက်ခံလူ ကူလီဘာလေကို ခေါ်ယူဖို့အတွက် နာပိုလီအသင်းနဲ့ဆွေးနွေးနေတယ်လို့ ဖော်ပြလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ အဆိုပါဆီနီဂေါလက်ရွေးစင်ကစားသမားကို အသင်းကနေ ထွက်ခွာသွားတဲ့ ကွန်ပနီနေရာမှာ အစားထိုးဖို့ပြင်ဆင်နေပြီး ကစားသမားအတွက်တန်ကြေးယူရို ၉၅သန်းခန့် ပေးချေရဖွယ်ရှိနေပါတယ်။

အီတလီသတင်းဌာနတွေကတော့ ဂျူဗင်တပ်စ်အသင်းဟာ နောက်ခံလူ ကန်ဆယ်လိုအတွက် မန်စီးတီး အသင်းရဲ့ယူရို ၆၀ သန်းနဲ့ ကမ်းလှမ်းမှုကိုလက်ခံခဲ့ပြီလို့ဖော်ပြလိုက်ပါတယ်။

သတင်းတွေအရတော့ ၂ဖက်အသင်းကြားဆွေးနွေးမှုတွေက အတော်လေးကိုအဆင်ပြေနေတယ်လို့ ဖော်ပြလိုက်ပြီး မကြာခင်မှာပဲ တရားဝင်ထုတ်ပြန်ဖွယ်ရှိနေပါတယ်။

မန်စီးတီးအသင်းဟာ နော်ဝေလူငယ်ကစားသမား အော်စကာ ဘော့ဘ်ကိုပရော်ဖက်ရှင်နယ်စာချုပ်သစ် ချုပ်ဆိုဖို့ပြင်ဆင်နေတယ်လို့ သတင်းတွေကဖော်ပြနေကြပါတယ်။အဆိုပါကစားသမားလေးဟာ နော်ဝေကလပ် ဗယ်ရန်ဂါအသင်းကနေပြောင်းရွှေ့လာခဲ့တာဖြစ်ကာ နောက်လမှာ အသက် ၁၆နှစ်ပြည့်မှာဖြစ်တာကြောင့် အခုလိုပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

#မနျစီးတီး #ကူလီဘာလေ