ရှေ့သို့
Image

ယနေ့အတွက် အာဆင်နယ်သတင်းတိုများ

4:05 PM, 21 June

အာဆင်နယ်အသင်းဟာ ဆဲလ်တစ် နောက်ခံလူ တီယာနေးကို ကစားသမားတစ်ဦးအလိုက်ပေးကာ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ နည်းပြ အမ်မရီဟာ ပြောင်းရွေ့စရိတ် ပေါင် ၄၅ သန်းသာ ရရှိခဲ့တဲ့ အတွက် ကစားသမားတွေကို အလိုက်ပေးပြီးကမ်းလှမ်းသွားဖို့ စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် တိုက်စစ်မှူး လာကာဇက်တီဟာ အပြောင်းအရွေ့ ပစ်မှတ်တစ်ခုဖြစ်တဲ့ ဘာစီလိုနာ နောက်ခံလူ အမ်တီတီနဲ့တွေ့ခဲ့ရလို့ အာဆင်နယ် ပရိသတ်တွေရဲ့ မျှော်လင့်ချက် ပြန်လည် ရှင်သန်လာခဲ့ပါတယ်။ အမ်တီတီဟာ အာဆင်နယ်အသင်းရဲ့ နွေရာသီ ပစ်မှတ်တစ်ခုဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။

အာဆင်နယ် အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ ဂိုးသမား ပီတာချက်ဟာ အသင်းဟောင်း ချဲလ်ဆီးအသင်းကို ပြန်ညလပြောင်းရွေ့ပြီး အားကစား ဒါရိုက်တာရာထူး ရယူသွားဖို့ ရှိနေပါတယ်။ ချဲလ်ဆီးအသင်းဟာ
၂၀၁၇ခုနှစ် အီမန်နာလို ထွက်ခွာသွားစဉ်ကတည်းက အားကစား ဒါရိုက်တာရာထူး လစ်လပ်နေခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ လူငယ် ကစားသမား ယူးနပ်စ် မူဆာကို ဗလန်စီယာအသင်းက ခေါ်ယူနိုင်ဖို့ ချိတ်ဆက်လျက် ရှိနေပါတယ်။  El Desmarqueရဲ့ အဆိုအရ ၁၆နှစ်အရွယ် ကစားသမားဟာ အာဆင်နယ်အသင်းရဲ့ အလားအလာ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။


အာဆင်နယ်အသင်းဟာ လာမယ့် ရာသီအတွက် ပထမဆုံး လေ့ကျင့်ခန်း အစီအစဉ်ကို ဇူလိုင်လ ၆ ရက်နေ့မှာ စတင်သွားမယ်လို့ သိရပါတယ်။ အဆိုပါ အသင်းမှာတော့ ယူ-၂၃နဲ့ ယူ-၁၈ အသင်းက ကစားသမားတွေပါ ပါဝင်သွားမှာ ဖြစ်ပြီးတော့ ပထမ လူစာရင်းနဲ့အတူ အမေရိကန်ကို ထွက်ခွာမှာ ဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ နည်းပြ ဂမ်ပါအိုလိုကို ခန့်အပ်ခဲ့ပြီးနောက် အာဆင်နယ် ကွင်းလယ်လူ တော်ရဲရားကို အါိက ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းကတော့ အဆိုပါ ကစားသမားအတွက် ပေါင် ၃၅သန်း တောင်းဆိုထားခဲ့ပါတယ်။

စိန့်အက်တီယန်အသင်းဟာ နောက်ခံလူ ဆာလီဘာကို ရောင်းချပြီး အသင်းကို ပြန်လည် တည်ဆောက်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ ဆာလီဘာနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရခဲ့ပြီး ပြောင်းရွေ့ကြေးညှိနှိုင်းဖို့သာ ကျန်ရှိပါတော့တယ်။

အာဆင်နယ်အသင်းဟာ ကွင်းလယ်လူ ရမ်ဆေးရဲ့ နေရာကို အစားထိုးဖို့အတွက် ဆဲလ်ဘတ်အသင်းရဲ့ အသက် ၁၈နှစ်အရွယ် ကွင်းလယ်လူ ဆိုဘော့စ်လိုင်းကို ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့ပါတယ်။ ဆိုဘော့စ်လိုင်းဟာ ဆဲလ်ဘတ်အသင်းမှာ ခြေစွမ်းပြခဲ့ပြီး လာမယ့်ရာသီ အာဆင်နယ်အသင်းမှာ မြင်တွေ့ရမလား စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

အာဆင်နယ် ပရိသတ်တွေဟာ ပြောင်းရွေ့ကြေးစရိတ် ၄၅သန်းသာ ရရှိခဲ့တဲ့အတွက် မကျေမနပ် ဖြစ်နေကြပြီး 'Kroenke out!' ဆိုတဲ့ လှုပ်ရှားမှုကို လူမှုကွန်ရက်မှာ စတင်ခဲ့ပြီ ဖြစ်ပါတယ်။ #Kronkeout ဆိုတဲ့ လှုပ်ရှားမှုကို တွစ်တာ၊ အင်စတာဂရန်တို့ကို ပြုလုပ်ခဲ့ကာ ၁၂ နာရီ အတွင်းမှာပဲ မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။

အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဆမ်ဒိုးရီးယား နောက်ခံလူ ဂျိုအာချင် အန်ဒါဆန်က အသင်းက ထွက်ခွာချင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အန်ဒါဆန်ကို အာဆင်နယ်၊ လိုင်ယွန်၊ အေစီမီလန်နဲ့ စပါးအသင်းတို့က ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေကြပါတယ်။

#တီယာနေး