ရှေ့သို့
Image

ပီယာလိုလက်သစ်ကို ယူရိုသန်း ၃၀ နဲ့ ပီအက်စ်ဂျီ ကမ်းလှမ်းလိုက်ပြီ

3:26 PM, 21 June

ပီအက်စ်ဂျီအသင်းဟာ ပီယာလိုလက်သစ်လို့ နာမည်ကျော်နေတဲ့ ဆန်ဒရိုတိုနယ်လီကို ယူရိုသန်း ၃၀ နဲ့ တရားဝင်ကမ်းလှမ်းလိုက်ပြီလို့ သတင်းတွေက ဖော်ပြလျက်ရှိပါတယ်။

ပြင်သစ်သတင်းစာ L'Equipe က ပီအက်စ်ဂျီအသင်း အားကစားဒါရိုက်တာ လီယိုနာဒိုဟာ အသက် ၁၉နှစ် အရွယ်ရှိ တိုနယ်လီကို အထူးသဘောကျနေသူဖြစ်ပြီး အေစီမီလန်အသင်းအားကစားဒါရိုက်တာအဖြစ် တာဝန်ယူခဲ့စဉ်ကတည်းက သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

ဘရာဇီးနိုင်ငံသား လီယိုနာဒိုဟာ ၂၀၁၂ ခုနှစ်ကကလည်း အသက် ၁၉နှစ် အရွယ်ရှိ ဗာရက်တီကို ခေါ်ယူနိုင်ခဲ့ပြီး အဲဒီအချိန်တုန်းက ဗာရက်တီဟာ စီးရီးဘီကလပ် ပက်စ်ကာရာအသင်းမှာ လူမသိသူမသိကစားနေခဲ့တာဖြစ်ကာ အခုလည်း လူသိပ်မသိသေးတဲ့တိုနယ်လီကို နာမည်မကြီးခင် လက်ဦးမှုရယူကာ ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်၊ နာပိုလီ၊ အေစီမီလန်၊ ရိုးမား၊ ချဲလ်ဆီးနဲ့ စီးတီး အစရှိတဲ့ ဥရောပအသင်းကြီးတွေက ဘရက်စီယာအသင်းကွင်းလယ်လူ တိုနယ်လီကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်က အသက် ၁၇နှစ် အရွယ်နဲ့ အသင်းကြီးအတွက် ပွဲထွက် ကစားခွင့်ရရှိခဲ့တဲ့ တိုနယ်လီဟာ ပြီးခဲ့တဲ့ရာသီက ဘရက်စီယာ အသင်း စီးရီးအေကို တန်းတက်ခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

သူဟာ နိုဝင်ဘာလက အီတလီလက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်းခံခဲ့ရပြီး လက်ရှိအချိန်မှာ အီတလီယူ-၂၁ အသင်းနဲ့ အတူ ဥရောပယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လျက်ရှိပါတယ်။

တိုနယ်လီဟာ ပီယာလိုကဲ့သို့ လမ်ဘာဒီကနေ ကြီးပြင်းလာသူဖြစ်ပြီး ပီယာလိုကလည်း ဘရက်စီယာနဲ့အတူ ကစားသမားဘ၀ကို စတင်ခဲ့သူဖြစ်ကာ တိုနယ်လီက ကစားပုံကအစ ပီယာလိုနဲ့ ဆင်တူပါတယ်။

# ပီယာလို