ရှေ့သို့
Image

အသက် ၂၀ အောက် ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ဒီလစ်ခ်ျ သတ်မှတ်ခံရ

2:31 PM, 21 June

အသက် ၂၀ အောက် အကောင်းဆုံး ကစားသမားအဖြစ် နယ်သာလန် နောက်ခံလူ ဒီလစ်ခ်ျကို L'Équipeက သတ်မှတ်ခဲ့ပါတယ်။

L'Équipeသတင်းစာက ကမ္ဘာ့အကောင်းဆုံး ယူ-၂၀ ကစားသမား ၅၀ ကို ဖော်ပြခဲ့တာဖြစ်ပြီး ဒီလစ်ခ်ျက ဂျာဒန် ဆန်ချို၊ ဂျာအို ဖီလစ်တို့ကို ကျော်ဖြတ်ပြီး နံပါတ် ၁ နေရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီလစ်ခ်ျကို ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့က ချိတ်ဆက်နေပြီး ကြောက်စရာ အကောင်းဆုံး ကစားသမားနဲ့ သူမလုပ်နိုင်တာ ဘာမှမရှိဘူးလို့ ဖော်ပြထားခဲ့ပါတယ်။

ဒီလစ်ခ်ျဟာ အေဂျက်စ်အသင်းနဲ့အတူ နယ်သာလန် လိဂ်ဖလားနဲ့ ရှုံးထွက်ဖလားတို့ကို ရရှိခဲ့ပါတယ်။

အလားတူ နယ်သာလန်အသင်းနဲ့လည်း နေးရှင်းလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ကာ ပေါ်တူဂီအသင်းကို ၁-၀ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

အဆိုပါ စာရင်းမှာတော့ ဆန်ချိုဟာ ဒုတိယနေရာ ရရှိခဲ့ပြီး လေဗာကူဆင် ကွင်းလယ်လူ ဟာဇက်ဇ်ကတော့ တတိယ နေရာ ရရှိခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံး ယူ-၂၀ ကစားသမား အယောက် (၂၀)

၁. ဒီလစ်ခ်ျ (အေဂျက်စ်)
၂. ဂျာဒန် ဆန်ချို (ဒေါ့မွန်)
၃.ကိုင်း ဟာဗက်ဇ် (လေဗာကူဆင်)
၎.ဂျာအို ဖီလစ် (ဘင်ဖီကာ)
၅.ဒွန်နာရမ်မာ (အေစီမီလန်)
၆.ဇာနီအိုလို (ရိုးမား)
၇.မွိုက်စ်ကိန်း (ဂျူဗင်တပ်စ်)
၈.ဗင်နီစီးယပ်စ် (ရီးရဲလ်)
၉.ဒက်ကလန် ရိုက်စ် (၀က်စ်ဟမ်း)
၁၀.ကိုနာတေး (လိုက်ပ်ဇစ်)
၁၁.ဂွမ်ဒူဇီ (အာဆင်နယ်)
၁၂.လာဖွန့် (ဖီအိုရင်တီးနား)
၁၃.ဟက်ဆန်-အိုဒွိုင်း (ချဲလ်ဆီး)
၁၄.ဇာဂါဒူ (ဒေါ့မွန်)
၁၅. ဆီဆက်နွန် (ဖူလ်ဟမ်)
၁၆.အန် ဒစ်ကာ(ဖရန့်ဖတ်)
၁၇. ကလိုက်ဗက် (ရိုးမား)
၁၈.စကော့ဗ် အိုလ်ဆန်(နော့ဂျေးလန်း)
၁၉.ဖီလ် ဖိုဒန် (မန်စီးတီး)
၂၀.ကစ် ပယ်ရီ (ဟိုက်ဗာနင်း)

#ဖီဖာ #ဒီလစ်ဂ်ျ