ရှေ့သို့
Image

နောက်ခံလူ ၀မ်ဘစ်ဆာကာကို ခေါ်ယူပြီးပါက ပေါင် ၂၇ သန်းသာ ကျန်ရှိတော့မယ့် ဆိုးလ်ရှား

1:45 PM, 21 June

မန်ယူအသင်း နည်းပြ ဆိုးလ်ရှားကတော့ နောက်ခံလူ ၀မ်ဘစ်ဆာကာကို ခေါ်ယူဖို့အတွက် အသင်းကစားသမား အချို့ကို ပြန်လည် ရောင်းချဖို့ အသင်းကို တိုက်တွန်းထားပါတယ်။

သတင်းတွေအရတော့ ခရစ္စတယ် ပဲလေ့စ်အသင်းဟာ နောက်ခံလူ ၀မ်ဘစ်ဆာကာအတွက် ပေါင် ၅၅ သန်းခန့် အလိုရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေပြီး ဒန်နီရယ် ဂျိမ်းစ် ပြီးနောက် ဒုတိယမြောက် အပြောင်းအရွှေ့ ဖြစ်လာဖွယ် ရှိနေပါတယ်။

မန်ယူအသင်းဟာ အဆိုပါ ဝေးလ်တောင်ပံ ကစားသမားအတွက် ပေါင် ၁၈ သန်းခန့် ကုန်ကျခဲ့ပြီး တကယ်လို့သာ ဝမ်ဘစ်ဆာကာကို ထပ်မံ ခေါ်ယူနိုင်ခဲ့ပါက အသုံးစရိတ်က ပေါင် ၇၃ သန်းအထိ ရှိလာမှာ ဖြစ်ပါတယ်။

အီးအက်စ်ပီအမ် သတင်းဌာနကတော့ မန်ယူအသင်း ဘုတ်အဖွဲ့ဟာ ဒီရာသီ အပြောင်းအရွှေ့အတွက် ပေါင် ၁၀၀ သန်းသာ အသုံးပြုခွင့် ပေးထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် ပဲလေ့စ် နောက်ခံလူကိုသာ ခေါ်ယူပြီးပါက ယူနိုက်တက် အသင်းအနေနဲ့ နောက်ထပ် အသုံးစရိတ်ပေါင် ၂၇ သန်းသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း တိုက်စစ်မှူး လူကာကူဟာလည်း အသင်းကနေ ထွက်ခွာဖွယ် ရှိနေပြီး အင်တာမီလန်အသင်းက ချိတ်ဆက်နေကာ ယူနိုက်တက်က အနည်းဆုံးပေါင် ၇၀ သန်းခန့် အလိုရှိနေပါတယ်။

အင်တာမီလန်အသင်း နည်းပြသစ် ကွန်တီကတော့ လက်ရှိ အပြောင်းအရွှေ့ရာသီမှာ ကစားသမားကောင်းတွေ ခေါ်ယူဖို့ စီစဉ်နေသလို တိုက်စစ်မှူး လူကာကူကလည်း နည်းပြသစ် ကွန်တီဟာ တကယ်ကောင်းတဲ့ နည်းပြတစ်ဦး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အခြားတစ်ဖက်မှာတော့ နည်းပြ ဆိုးလ်ရှားဟာ တောင်ပံ ကစားသမား ဆန်းချက်ကို ရောင်းချပြီး ငွေကြေးတစ်ရပ် ရှာဖွေဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

နောက်ခံလူ ဒါမီယန်ကိုလည်း ဗလန်စီယာ အသင်းနဲ့ ဂျူဗင်တပ်စ် အသင်းတို့က ခေါ်ယူဖို့ စီစဉ်နေကာ မန်ယူအသင်းကလည်း ငွေကြေးတစ်ရပ် ရရှိဖို့အတွက် ရောင်းချသွားဖွယ် ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ္ရွား #၀မ္ဘစ္ဆာကာ