ရှေ့သို့
Image

တိုက်စစ်မှူး အိုရီဂီကို အသင်းမှာ ဆက်ထိန်းဖို့ အလိုရှိနေတဲ့ လီဗာပူး

11:38 AM, 21 June

လီဗာပူးအသင်းကတော့ တိုက်စစ်မှူး အိုရီဂီကို အသင်းမှာ ဆက်ထိန်းဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

လက်ရှိ တိုက်စစ်မှူး အိုရီဂီနဲ့ လီဗာပူးအသင်းတို့ကြား စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့ပေမယ့်လည်း နည်းပြ ကလော့ကတော့ အဆိုပါ အသက် ၂၄ နှစ်အရွယ် ကစားသမားက အသင်းရဲ့အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ရှိနေသေးတယ်လို့ ထင်မြင်နေပါတယ်။

တိုက်စစ်မှူး အိုရီဂီဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး စပါးအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ် ပွဲစဉ်မှာလည်း သွင်းဂိုး ၁ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဘာစီလိုနာ အသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်မှာလည်း အသင်းအတွက် အနိုင်ဂိုးကို သွင်းယူ ပေးနိုင်ခဲ့ပါတယ်။

ထို့အပြင် ပရီးမီးယားလိဂ် ပွဲစဉ်တွေဖြစ်တဲ့ အဲဗာတန် ၊ နယူးကာဆယ် အသင်းတို့နဲ့ ပွဲစဉ်မှာလည်း သွင်းဂိုးတွေ သွင်းယူခဲ့ပြီး လီဗာပူးအသင်းကို အနိုင်ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့ တိုက်စစ်မှူး စတာရစ်ဟာ အသင်းကနေ ထွက်ခွာဖွယ် ရှိနေတာကြောင့် လီဗာပူးအသင်းဟာ နောက်ရာသီမှာလည်း တိုက်စစ်မှူး အိုရီဂီကို အသင်းမှာ ဆက်ထိန်းဖို့ စီစဉ်နေပါတယ်။

အသက် ၂၄ နှစ်အရွယ် တိုက်စစ် ကစားသမားဟာ ၂၀၁၄ ခုနှစ်က လီဗာပူးအသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ကာ ၂၀၁၇-၂၀၁၈ ရာသီတုန်းကလည်း ၀ုဗ်ဘတ်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ပါတယ်။

အဆိုပါ ဘယ်လ်ဂျီယံသား တိုက်စစ်မှူးဟာ လီဗာပူးအသင်းအတွက် ပွဲပေါင်း ၉၈ ပွဲမှာ ၂၈ ဂိုးအထိ သွင်းယူ ထားနိုင်ခဲ့ပါတယ်။

#လီဗာပူး #အိုရီဂီ