ရှေ့သို့
Image

အေဂျက်ဇ်နောက်ခံလူကို ခေါ်ယူရေး တိုက်ပွဲမှာ ရီးရဲလ်အသင်း ပါဝင်လာ

10:54 AM, 21 June

ရီးရဲလ်မက်ဒရစ် အသင်းဟာ အေဂျက်အသင်း နောက်ခံလူ ဒီလစ်ဂ်ျကို ခေါ်ယူရေး တိုက်ပွဲမှာ ပါဝင်လာပါတယ်။

အဆိုပါ နောက်ခံ ကစားသမားလေးကိုတော့ ဘာစီလိုနာ ၊ မန်ယူ ၊ ပီအက်စ်ဂျီအသင်းတို့က ခေါ်ယူဖို့ ချိတ်ဆက်နေကြတာ ဖြစ်ကာ အခုလည်း နောက်ထပ် အသင်းကြီး တစ်သင်းဖြစ်တဲ့ ရီးရဲလ်အသင်းကပါ ခေါ်ယူဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

မက်ဒရစ်သတင်း ဌာနတွေကတော့ ရီးရဲလ်အသင်းဟာ အဆိုပါ နောက်ခံ ကစားသမားလေးရဲ့အပြောင်းအရွှေ့အတွက် စုံစမ်းနေတယ်လို့ ဖော်ပြနေကြပြီး တကယ်လို့သာ ပြောင်းရွှေ့ကြေး တတ်နိုင်ခဲ့ပါက ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ လက်ရှိ အပြောင်းအရွှေ့ဈေးကွက်မှာ အတော်လေး အလုပ်ရှုပ်နေပြီး ကစားသမားသစ်တွေ အဖြစ် ဟာဇက် ၊ လူကာဂျိုဗစ် ၊ ဖာလန်း မန်ဒီ ၊ မီလီတာအို ၊ ရိုဒရီဂို စတဲ့ ကစားသမားတွေကို ခေါ်ယူထားခဲ့ပါတယ်။

လက်ရှိအသင်း နောက်တန်း နေရာမှာတော့ ဆာဂျီယို ရာမို့စ် ၊ ရာဖေး ဗာရာနီ ၊ နာချို ၊ ဂျီးဆပ်စ် ဗယ်လီဂျို တို့ရှိနေပြီး အခုလည်း ကစားသမားသစ် မီလီတာအိုကို ခေါ်ယူထားပြီး အေဂျက် နောက်ခံလူ ဒီလစ်ဂ်ျကိုလည်း ခေါ်ယူသွားဖို့ စောင့်ကြည့်နေပါတယ်။

အသက် ၁၉ နှစ်အရွယ် နောက်ခံ ကစားသမားလေး ဒီလစ်ဂ်ျဟာ အေဂျက် အသင်းကြီးကို လူငယ် အကယ်ဒမီကနေ ပြောင်းရွှေ့လာတာ ဖြစ်ကာ အသင်းကြီး အတွက် ပွဲပေါင်း ၁၁၇ ပွဲအထိ ပါဝင် ကစားပေး ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းကလည်း နောက်ခံလူ ဒီလစ်ဂ်ျဟာ အေဂျက်အသင်းအတွက် ခြေစွမ်းပြ ကစားခဲ့ပြီး အသင်းနဲ့အတူ နယ်သာလန် အမှတ်ပေးဖလား ၊ ဒတ်ခ်ျဖလားတို့ကို ရယူထားနိုင်ခဲ့ကာ ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။

#လာလီဂါ #ဒီလစ်ဂ်ျ