ရှေ့သို့
Image

ကော်လမ် ၀ီလ်ဆင်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ၀က်စ်ဟမ်း

9:47 AM, 21 June

ဝက်စ်ဟမ်းအသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာပဲ အင်္ဂလန် တိုက်စစ်မှူး ကော်လမ် ၀ီလ်ဆန်ကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

မူလကတော့ ၀က်စ်ဟမ်းအသင်းဟာ ဆယ်လ်တာဗီဂို အသင်းတိုက်စစ်မှူး မက်ဆီ ဂိုးမက်ဇ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က စပိန်မြေမှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အခုလိုမျိုး ပစ်မှတ် ပြောင်းခဲ့ရတာ ဖြစ်ပါတယ်။

သတင်းတွေ အရတော့ နည်းပြ ပယ်လီဂရီနီဟာ အဆိုပါ တိုက်စစ်မှူးကို ရာသီမစခင် အမြန်ဆုံး ခေါ်ယူဖို့ အသင်းကို တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ တိုက်စစ်မှူး ၀ီလ်ဆန်ကို ပြီးခဲ့တဲ့ ၄ နှစ်လောက် ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ဘုန်းမောက်အသင်းဟာ တိုက်စစ်မှူး ၀ီလ်ဆန်အတွက် သင့်တော်တဲ့ တန်ကြေးတစ်ရပ် ရရှိပါက ရောင်းချသွားဖွယ် ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဝက်စ်ဟမ်းအသင်း တိုက်စစ်မှူးတွေဖြစ်တဲ့ ဟာနန်ဒက်စ်ကလည်း အသင်းကနေ ထွက်ခွာဖွယ် ရှိနေသလို နောက်ထပ် တိုက်စစ်မှူး ကာရိုးလ်ကလည်း စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ကာ တိုက်စစ်မှူး အနူတိုဗစ်ကိုလည်း တရုတ်ကလပ် အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် အခုလိုမျိုး အသင်းရဲ့တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

#ဝက်စ်ဟမ်း #ဝီလ်ဆန်