ရှေ့သို့
Image

စပါးအသင်းနှင့် ဆွေးနွေးမှုပြုလုပ်နေတဲ့ မန်ယူအသင်းရဲ့ပစ်မှတ် ဘရူနိုဖာနန်ဒတ်စ်ရဲ့အေဂျင့်

8:42 AM, 21 June

စပို့တင်းရဲ့ ကွင်းလယ်ကစားသမား ဖာနန်ဒတ်စ်ကတော့ နွေရာသီတွင် ပရီးမီးယားလိဂ်သို့ ပြောင်းရွေ့ဖို့ နီးစပ်လာနေပြီပဲဖြစ်ပါတယ်။

ကစားသမားရဲ့ အေဂျင့်ဟာ အပြောင်းအရွေ့အတွက် အင်္ဂလန်သို့ရောက်ရှိနေပြီး ဒီတစ်ပတ်က စပါးအသင်းနှင့် ဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။

ဒါဟာ ကွင်းလယ်ကစားသမားနှင့်ပတ်သတ်ပြီး ဆုံးဖြတ်ချက်ချဖို့ မန်ယူအသင်းကို တွန်းအားပေးလိုက်တာပါ။

မန်ယူကတော့ ပြီးခဲ့တဲ့လကမှ သူတို့ဘာသာပြောဆိုဆွေးနွေးထားတာပဲဖြစ်ပါတယ်လို့ The Telegraphက ဖော်ပြထားပါတယ်။

သိပ်မကြာတော့ပါဘူး၊ ကမ်းလှမ်းမှုရရှိခဲ့ပြီး မကြာခင်မှာပဲ စပို့တင်းက ပေါ်တူဂီစတားအတွက်ကိုလက်ခံတော့မှာပါလို့ ပေါ်တူဂီသတင်းစာဖြစ်တဲ့ A Bola က ဖော်ပြထားပါတယ်။

ဖာနန်ဒတ်စ်ရဲ့ ပြောင်းရွေ့ကြေးကတော့ ပေါင် ၆၄သန်းလောက် ကျသင့်မှာဖြစ်ပြီး စပါးကတော့ အဲရစ်ဆင်သာ အသင်းမှ မထွက်ခွာသွားခဲ့ပါက ပြောင်းရွေ့ကြေးကို အိတ်စိုက်မပေးလိုနေတာဖြစ်ကာ အဲ့ဒီပြောင်းရွေ့ကြေးကတော့ မန်ယူအတွက် ဒုက္ခဖြစ်မည့်ပုံတော့ မပေါ်ပါဘူး။

အိုထရက်ဖို့ဒ်သို့အပြောင်းအရွေ့ကတော့ ပေါ့ပ်ဘာအပေါ်တွင်မူတည်နေပါတယ်။

ကစားသမားဟာ မန်ယူသို့  ရောက်ရှိပြီး ၃နှစ် အကြာတွင် စိန်ခေါ်မှုအသစ်ကိုနှစ်သက်ပါတယ်လို့ ၀န်ခံပြောကြားထားပြီးနောက် သူ့ရဲ့ အနာဂတ်နှင့်ပတ်သတ်ပြီး မဖြေရှင်းရသေးတာလည်းဖြစ်ပါတယ်။

#မနျခကျြစတာယူနိုကျတကျ #ဘရူနိုဖာနန်ဒတ်စ်