ရှေ့သို့
Image

#OFFICIALS : မန်စီးတီးနဲ့  ၂၀၂၄ခုနှစ်အထိ စာချုပ်သစ် ရေးထိုးလိုက်တဲ့ ဇန်ချမ်ကို

6:37 PM, 20 June

မန်စီးတီးအသင်းဟာ လူငယ် နောက်ခံလူ အိုလီဇန်းဒါး ဇင်ချမ်ကိုအား ဂျွန်လ ၂၀၂၄ခုနှစ် အထိ ရှိစေမယ့် စာချုပ်ချုပ်ဆို နိုင်ခဲ့ကြောင်း ကြေညာသွားပါတယ်။
အသက်၂၂နှစ်အရွယ် ယူကရိန်းသားဟာ ယမန်နှစ်က ကိုင်လီဝေါ်ကာ စာချုပ် ချုပ်ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံတွေအတွက် ဒုတိယမြောက် လက်မှတ်ရေးထိုးတဲ့ ကစားသမား ဖြစ်လာပါတယ်။
သူဟာ ယမန်နှစ်နွေရာသီက ၀ုဗ်အသင်းထံ ပေါင်၁၆သန်းဖြင့် ပြောင်းရွေ့ ဖို့  ငြင်းဆန်ခဲ့သလို ဘက်တစ်အသင်းထံ အငှားသွားရောက်ကစားမယ့် အခွင့်အရေးကိုပါ ပယ်ချကာ နည်းပြ  ပက်ဂွါဒီယိုလာရဲ့ အသင်းမှာ နေရာတစ်နေရာရဖို့ တိုက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။
ဒီအကျိုးဆက်ကြောင့်ဘဲ ၂၀၁၆ခုနှစ်က ယူအက်ဖ်အေ အသင်းကနေ ပေါင်၁.၇သန်းဖြင့် မန်စီးတီးသို့  ရောက်လာတဲ့ ဇမ်ချမ်ကိုဟာ ဘင်ဂျာမင် မန်ဒီဒဏ်ရာရပြီး နောက်မှာတော့ အသင်းရဲ့ ဦးစားပေး ဘယ်နောက်ခံလူ တစ်ဦး ဖြစ်လာခဲ့ပြီး သမိုင်းဝင် အင်္ဂလန်ပြည်တွင်း ဆုဖလား၃လုံး စံချိန်ကို မန်စီးတီးနဲ့ ရယူနိုင်ခဲ့ပါတယ်။


#မန်စီးတီး #ဇင္ခ်န္ကို