ရှေ့သို့
Image

စကော့တလန် ၃ - ၃ အာဂျင်တီးနား : VAR ကြောင့် သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရတဲ့ စကော့တလန် အမျိုးသမီးအသင်း

2:54 PM, 20 June

စကော့တလန်အမျိုသမီးအသင်းကတော့ VAR ကြောင့်နစ်နာခဲ့ရပြီး အစောပိုင်းမှာ သွင်းဂိုး ၃ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ချေပဂိုးတွေ ဆက်တိုက်ပေးခဲ့ရပြီး သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

စကော့တလန်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲကစားချိန် ၁၉မိနစ်မှာ လစ်တယ်က သွင်းယူပေးခဲ့ပြီး ဒုတိယမြောက်သွင်းဂိုးကိုတော့ ပွဲကစားချိန် ၄၉မိနစ်မှာ ဘီတီကသွင်းယူပေးခဲ့ကာ တတိယမြောက် သွင်းဂိုးကိုတော့ ပွဲကစားချိန် ၆၉ မိနစ်မှာ ကတ်ခ်ျဘတ်ကသွင်းယူပေးခဲ့ပြီး ၃ဂိုးဂိုးမရှိနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းအတွက်ချေပဂိုးကိုတော့ ပွဲကစားချိန် ၇၄ မိနစ်မှာ မီနီဒက်စ်ကသွင်းယူပေးခဲ့ပြီး ဒုတိယချေပဂိုးကိုတော့ စကော့တလန်ကစားသမား အလက်ဇန်ဒါးက ပွဲကစားချိန် ၇၉ မိနစ်မှာ ကိုယ့်ဂိုးကိုယ် သွင်းယူပေးခဲ့တာဖြစ်ကာ နောက်ဆုံးအဖိုးတန်သရေတစ်မှတ်အတွက်သွင်းဂိုးကိုတော့ ပွဲကစားချိန် ၉၄ မိနစ်မှာ ဘွန်ဆန်ဂန်ဒိုကပင်နယ်တီကနေ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

စကော့တလန်အသင်းအတွက်တော့ နောက်ဆုံးမိနစ်မှာ VAR ကအသည်းခွဲသွားခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။

ပွဲပြီးဆုံးကာနီးမှ ကွင်းလယ်ဒိုင်က VAR ကိုကြည့်ပြီးပင်နယ်တီအဖြစ်သတ်မှတ်ပေးခဲ့တာဖြစ်တာကြောင့် စကော့တလန်အသင်းအတွက်အတော်လေးကို နစ်နာခဲ့ရပါတယ်။

တတိယဂိုးအဖြစ်ကန်သွင်းခဲ့တဲ့ ပင်နယ်တီကို စကော့တလန်ဂိုးသမား အလက်ဇန်းဒါးကာကွယ်နိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင် ရီဟာရန်းက စကော့တလန်ဂိုးသမားအနေနဲ့ ပင်နယ်တီမကန်ခင်မှာ ဂိုးစည်းနဲ့ခြေထောက်တစ်ဖက်ထိရမယ့်အနေအထားမှာ ရှိမနေခဲ့တာကြောင့် ကွင်းလယ်ဒိုင်ကပြန်ကန်ခိုင်းခဲ့တာဖြစ်ပါတယ်။             
                                                                                  
“ကျွန်မတို့ စွမ်းဆောင်ရည်ကောင်းတွေဆက်တိုက်ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကံတရားက အသင်းဘက်မှာ ရှိမနေခဲ့ပါဘူး။ ပထမဂိုးကတော့ ပြစ်ဒဏ်ဘောပါ။တတိယဂိုးကတော့ မပေးသင့်တဲ့ ဂိုးတစ်ဂိုးပါ”လို့ စကော့တလန်နောက်ခံလူ ရေချယ်ကော်ဆီကပြောကြားခဲ့ပါတယ်။

“လူတိုင်းသေသေချာချာမြင်လိုက်ပါတယ်။ တကယ်ကိုမပေးသင့်တဲ့အခြေအနေတစ်ရပ်လို့မြင်ပါတယ်။ အခုလိုအခြေအနေမှာ ဘာကြောင့်ပေးလိုက်သလဲဆိုတာကိုနားမလည်နိုင်အောင်ဖြစ်ရပါတယ်”လို့ သူကဆိုပါတယ်။

“အနိုင်ရပြီလို့တွေးထင်ထားတာပါ။ အခုလိုမျိုးပေးလိုက်ရတဲ့အတွက် တော်တော်လေးကိုစိတ်ပျက်ရပါတယ်။ ဒါပေမယ့် ကျွန်မတို့ပြန်လည် ရုန်းထနိုင်မယ်လို့ယုံကြည်ပါတယ်”လို့ ရေချယ်ကော်ဆီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#ဖီဖာ #စကော့တလန်