ရှေ့သို့
Image

မွန်ရီရယ်နေရာ အစားထိုးရန် ဆဲလ်တစ် ကစားသမား တီယာနေးကို ခေါ်ယူရန် စိတ်ဝင်စားလာတဲ့ အာဆင်နယ်

1:02 PM, 20 June

အာဆင်နယ်အသင်းဟာ အသက်အရွယ်ရလာတဲ့ ဘယ်နောက်ခံနာချို မွန်ရီရယ်နေရာမှာ ကီရန် တီယာနေးကို ခေါ်ယူရန် စိတ်ဝင်စားလာပါတယ်။

နည်းပြအူနိုင်း အမ်မရီဟာ အသက်၂၂နှစ်အရွယ် စကော့တလန်သားကို ပရီးမီးယားလိဂ်သို့  ခေါ်ယူချင်နေပါတယ်။

ဂန်းနားတွေဟာ ပြီးခဲ့တဲ့နှစ်က တောင်ပံတစ်လျောက် ပံ့ပိုးပေးနိုင်တဲ့ ကစားသမားလိုအပ်လျက်ရှိတာကြောင့် အမ်မရီက တီယာနေးကို မျက်စိကျနေတာ ဖြစ်ပါတယ်။

ယမန်နှစ်က အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့သလို ပြည်တွင်းဖလား ၄ လုံးကိုလည်း ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါကြောင့် အမ်မရီဟာ ခိုင်မာတဲ့ ကစားသမားအင်အားတည်ဆောက်ရန် ဘတ်ဂျက်အများအပြားသုံးလို မရပါဘူး။

၂၀၂၃ခုနှစ်အထိ စာချုပ်ရှိတဲ့ တီယာနေးဟာ ဈေးပေါပေါနဲ့ ခေါ်လို့ ရမယ့် ကစားသမားတော့မဟုတ်ပါဘူး။

ယခုနှစ်နွေရာသီ အာဆင်နယ်အသင်း ခေါ်ချင်တယ်ဆိုရင် အနည်းဆုံးပေါင်သန်း၂၀ခန့် ကို ဆဲလ်တစ်ကို ပေးရဖွယ် ရှိပါတယ်။

လက်ရှိမှာလည်း အသက်၃၃နှစ်အရွယ် ဘယ်နောက်ခံလူ မွန်ရီရယ်ဟာ စာချုပ်သစ်ထပ်တိုးဖွယ် မရှိတာကြောင့် အာဆင်နယ်အသင်းဟာ ဈေးကွက်မှာ နောက်ခံလူတစ်ဦး ရှာဖွေသွားရဖို့ ရှိနေပါတယ်။

ဆီရန် ကိုလာဆီနစ်ဟာ အဆိုပါနေရာမှာ ကစားနိုင်စွမ်းရှိပေမယ့် တည်ငြိမ်တဲ့ ပုံမှန်ခြေစွမ်းမရှိတာကြောင့် အမ်မရီဟာ အနာဂတ်မှာ လူသစ်တစ်ဦးကို စောင့်မျှော်နေပါတယ်။

တစ်ဖက်မှာ အာဆင်နယ်အသင်းဟာ ဆဲလ်ဘာခ်ျကွင်းလယ်လူ ဇိုဘော့ဇလိုင်းကို ခေါ်ယူရန် စောင့်ကြည့်လျက်ရှိပါတယ်။

အသက် ၁၈ နှစ်အရွယ် ကွင်းလယ်ကစားသမားကို ဂျူဗင်တပ်စ်နဲ့ လာဇီယို အသင်းတွေကလည်း ခေါ်ယူရန် စိတ်ဝင်စားမှု ရှိနေတာ ဖြစ်ပါတယ်။

#တီယာနေး #မွန်ရီရယ်