ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား မားကို့စ် လော်ရန်တေးကိုခေါ်ယူနိုင်တော့မယ့် အက်သလက်တီကို

9:15 AM, 20 June

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်ကစားသမား မားကို့စ် လော်ရန်တေးကိုခေါ်ယူနိုင်တော့မယ်လို့ စပိန်သတင်းဌာန အေအက်စ်ကအတည်ပြုဖော်ပြလိုက်ပါတယ်။

အေအက်စ်သတင်းဌာနကတော့ ၂သင်းကြားဆွေးနွေးမှုဟာ အတော်လေးကို အဆင်ပြေနေတယ်လို့ ဖော်ပြလိုက်ပြီး မကြာခင်မှာ အပြောင်းအရွှေ့အတွက်အပြီးသတ်ဖွယ်ရှိနေတယ်လို့ ထပ်လောင်းဖော်ပြလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကတော့ ယူရို ၅၀ သန်း အလိုရှိနေပေမယ့် အက်သလက်တီကို အသင်းကတော့ ယူရို ၄၀ သန်းသာ ပေးချေလိုနေကာ အဆိုပါပမာဏနဲ့ပဲ ရောင်းချဖွယ်ရှိနေပါတယ်။

အဆိုပါကွင်းလယ်ကစားသမားကိုတော့ ပရီးမီးယားလိဂ်ကလပ်အသင်း ၂ သင်းဖြစ်တဲ့ အာဆင်နယ် အသင်းနဲ့ မန်ယူအသင်းတို့ကလည်းခေါ်ယူဖို့ပြင်ဆင်နေတာဖြစ်ကာ လက်ရှိအချိန်မှာတော့ အက်သလက်တီကိုမက်ဒရစ်အသင်းက လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

#လာလီဂါ #လော်ရန်တေး