ရှေ့သို့
Image

ဒီလစ်ဂ်ျကိုခေါ်ယူဖို့ အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာထံဆက်သွယ်ခဲ့တဲ့ ဂျူဗင်တပ်စ်

7:44 AM, 20 June

ဂျူဗင်တပ်စ်အသင်းဟာ နည်းပြသစ်အဖြစ် ဆာရီကိုခန့်အပ်ပြီးနောက်မှာတော့ လာမယ့်ရာသီသစ်အတွက် အသင်းကိုအကောင်းဆုံးပြင်ဆင်ဖို့စီစဉ်နေပါတယ်။
ပြီးခဲ့တဲ့အပတ်ကတည်းက စကိုင်းစပေါ့သတင်းဌာနက ဂျာနယ်လစ် ဒီမာဇီယိုအနေနဲ့ အေဂျက်ဇ်နောက်ခံလူ ဒီလစ်ဂ်ျဟာ ပီအက်စ်ဂျီအသင်းကိုပြောင်းရွှေ့မှာဖြစ်တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း နောက်ဆုံးထပ်မံထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ဂျူဗင်တပ်စ်အသင်းဟာ အဆိုပါကစားသမားလေးကိုခေါ်ယူဖို့လက်မလျော့သေးပဲ အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာထံဆက်သွယ်ခဲ့တယ်လို့ဖော်ပြနေကြပါတယ်။
ဒါကြောင့် နောက်ခံလူ ဒီလစ်ဂ်ျအပြောင်းအရွှေ့အတွက် ပီအက်စ်ဂျီအသင်းအတည်မပြုရသေးတာကြောင့် ဂျူဗင်တပ်စ်အသင်းကကြားဝင်လာခဲ့တာဖြစ်ပြီး ကစားသမားအနေနဲ့ ပြင်သစ်မြေကိုရွေးချယ်မလား တူရင်မြေကိုရွေးချယ်မလားဆိုတာစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

#စီးရီးအေ #ဒီလစ်ဂ်ျ