ရှေ့သို့
Image

နာပိုလီနောက်ခံလူ ကူလီဘာလေကို ယူရို ၉၅ သန်းနဲ့ ခေါ်ယူဖို့ပြင်ဆင်နေတဲ့ မန်စီးတီး

4:25 PM, 19 June

မန်စီးတီးအသင်းဟာ နာပိုလီအသင်း နောက်ခံလူ ကူလီဘာလေကို ယူရို ၉၅ သန်းနဲ့ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

အီတလီသတင်းဌာန ဒယ်လိုစပေါ့ကတော့ စီးတီးနည်းပြ ဂွာဒီယိုလာဟာ လာမယ့်ရာသီ ဗဟိုနောက်ခံလူနေရာ အတွက် ကူလီဘာလေကို ခေါ်ယူဖို့အလိုရှိနေတာဖြစ်ပါတယ်။

လက်ရှိမန်စီးတီးအသင်းမှာတော့ ဗဟိုနောက်ခံလူအဖြစ်ကစားနေတဲ့ ကွန်ပနီဟာ အန်ဒါလက်ခ်ျအသင်းကို ထွက်ခွာခဲ့တာကြောင့် အသင်းရဲ့နောက်တန်းမှာ အစားထိုးဖို့လိုအပ်လာတာဖြစ်ပါတယ်။

ဆီနီဂေါလက်ရွေးစင်ကစားသမားနဲ့ နာပိုလီအသင်းတို့ကြား စာချုပ်သက်တမ်း ၄ နှစ်ကျန်ရှိနေပြီး အဆိုပါနောက်ခံကစားသမားကိုတော့ ဂျူဗင်တပ်စ်၊ မန်ယူနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ကလည်း ခေါ်ယူဖို့ပြင်ဆင်နေပါတယ်။

သို့သော်လည်း နာပိုလီအသင်းဟာ ရိုးမားနောက်ခံလူ မာနိုလက်စ်နဲ့ ဂျိမ်းစ် ရိုဒရီဂွတ်ဇ်တို့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် နောက်ခံလူ ကူလီဘာလေကို ရောင်းချဖွယ်ရှိနေတာဖြစ်ပါတယ်။

#မနျစီးတီး #ကူလီဘာလေ