ရှေ့သို့
Image

ပေါ့ဂ်ဘာကို ပြန်မခေါ်နိုင်ရင် အဲရစ်ဆင်ကို အစားထိုးခေါ်ယူမယ့် ဂျူဗင်တပ်စ်

3:06 PM, 19 June

ဂျူဗင်တပ်စ်အသင်းဟာ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ပြန်လည်မခေါ်ယူနိုင်ရင် စပါးကွင်းလယ်လူ အဲရစ်ဆင်ကို အစားထိုးခေါ်ယူဖို့ အခုကတည်းက စီစဉ်ထားကြောင်း သိရပါတယ်။

အသက် ၂၇နှစ်အရွယ်ရှိ ဒိန်းမတ်လက်ရွေးစင် အဲရစ်ဆင်ဟာ ၂၀၁၃ ခုနှစ်က အေဂျက်စ်ကနေ ရောက်ရှိလာခဲ့ပြီးနောက် စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၁နှစ်ပဲလိုတော့သလို သူကိုယ်တိုင်က ယခုနွေရာသီအတွင်း
စပါးကနေ ထွက်ခွာလိုတယ်လို့ လူသိရှင်ကြားဖွင့်ဟထားပါတယ်။

ရီးရဲလ်မက်ဒရစ်က အဲရစ်ဆင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ဂျူဗင်တပ်စ်နည်းပြအဖြစ် ဆာရီ တာဝန်ယူချိန်ကတည်းက တူရင်ကလပ်ကလည်း သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားလာတာပါ။

ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့က ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ဖို့လည်း အပြိုင်ကြိုးစားနေပြီး အဲရစ်ဆင်ရဲ့အနာဂတ်ကလည်း ပေါ့ဂ်ဘာရဲ့အပြောင်းအရွှေ့ပေါ် မူတည်နိုင်ပါတယ်။

စပါးအသင်းက အဲရစ်ဆင်အတွက် ပြည်ပကလပ်ဆိုရင် ပေါင်သန်း ၈၀၊ ပြည်တွင်းပြိုင်ဘက်ဆိုရင် ပေါင်သန်း ၁၃၀ အထိ တောင်းဆိုဖွယ်ရှိနေပါတယ်။

ဆာရီဟာ ချဲလ်ဆီးအသင်းကို တာဝန်ယူခဲ့စဉ်ကတည်းက အဲရစ်ဆင်ကို သဘောကျတဲ့အကြောင်း ပြောကြားခဲ့ဖူးပါတယ်။

#စပါး #မနျခကျြစတာယူနိုကျတကျ #အဲရစ်ဆင်