ရှေ့သို့
Image

အက်သလက်တီကိုမက်ဒရစ် ဘယ်နောက်ခံလူ ဖီလစ်ပီလူးဝစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ လိုင်ယွန်ဥက္က၀န်ခံ

2:20 PM, 19 June

လိုင်ယွန်အသင်းရဲ့ဥက္ကဌ ဂျင်းမီချယ် အောလက်စ်ကတော့ အက်သလက်တီကိုမက်ဒရစ်အသင်း ဘယ်နောက်ခံလူ ဖီလစ်ပီ လူးဝစ်ကိုခေါ်ယူဖို့စိတ်ဝင်နေတယ်လို့ အင်္ဂါနေ့က ၀န်ခံပြောကြားလိုက်ပါတယ်။

အသက် ၃၃နှစ်အရွယ်ကစားသမားကတော့ ဘရာဇီးလ်အသင်းနဲ့အတူ ကိုပါအမေရိကဖလားကို ဆင်နွှဲနေပြီး အနာဂတ်ကို ကိုပါအမေရိကဖလားပြိုင်ပွဲအပြီးမှာ ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။

“သူအခုဘရာဇီးလ်အသင်းနဲ့အတူကစားနေပါတယ်။ ပြီးတော့ သူဟာ တကယ်ကောင်းတဲ့ ကစားသမားတစ်ဦးပါ။ ကိုပါပြိုင်ပွဲပြီးရင်တော့ သူအကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချသွားမယ်လို့ထင်ပါတယ်”လို့ အောလက်စ်က ပြောကြားခဲ့ပါတယ်။

အဆိုပါဘယ်နောက်ခံကစားသမားဟာ လက်ရှိအပြောင်းအရွှေ့ရာသီမှာ အက်သလက်တီကိုမက်ဒရစ် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာမှာဖြစ်တာကြောင့် ကလပ်အသင်းတော်တော်များများက ခေါ်ယူဖို့စိတ်ဝင်စားနေကြပါတယ်။

#လာလီဂါ #ဖီလစ်ပီ လူးဝစ်