ရှေ့သို့
Image

VARဟာ မျှတကြောင်းနဲ့ ဖာနန်ဒင်ဟိုကို ကာကွယ်ခဲ့တဲ့ တီတေး

2:05 PM, 19 June

ဘရာဇီးနည်းပြ တီတေးက ဗင်နီဇွဲလား အသင်းနဲ့ ဂိုးသရှိ သရေကျခဲ့ပြီးနောက် VAR နဲ့ ငြင်းပယ်ခံရတဲ့ ဂိုးတွေဟာ မှန်ကန်ကြောင်းနဲ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရတဲ့ ကွင်းလယ်လူ ဖာနန်ဒင်ဟိုကိုလည်း ကာကွယ်သွားခဲ့တဲ့ပါတယ်။

တီတေးက "VARနဲ့ ပတ်သက်ပြီး ဘာမှ စောဒက တက်စရာမရှိပါဘူး။ ပြစ်ဒဏ်ဘောတွေလည်း ဖြစ်ခဲ့ပါတယ်။ လှောင်ပြောင်မှုတွေအတွက်လည်း နားလည်ပါတယ်။ ပရိသတ်တွေက သွင်းဂိုးတွေကို မြင်တွေ့ချင်တာပါ။
ကျွန်တော်လည်း သူတို့နေရာမှာဆိုရင် ဒီလိုပဲ လုပ်မိမှာပါပဲ"လို့ ပြောခဲ့ပါတယ်။

အလားတူ ကွင်းလယ်လူ ဖာနန်ဒင်ဟိုကိုလည်း ကာကွယ်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

"ကျွန်တော် သတိထားမိပါတယ်။ ကစားသမားတွေက အာရုံစိုက်မှု သိပ်မရှိပါဘူး။ ကျွန်တော် ဒုတိယပိုင်းမှာ ကစားပုံ ပြောင်းလဲပြီး နေရာလွတ်တွေ ရှာဖွေဖို့အတွက် အမြဲအော်ဟစ်နေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဖိအားတွေ အောက်မှာ ကစားနေရတာကြောင့်  စိန်ခေါ်မှုတွေ ရင်ဆိုင်တဲ့အခါမှာ အမြဲ အခက်တွေ့နေရတာပါ"လို့ ပြောခဲ့ပါတယ်။

#ဖီဖာ #ဖာနန်ဒင်ဟို #ဗင်နီဇွဲလား #တီတေး