ရှေ့သို့
Image

အခုအပတ်မှာပဲ နောက်ခံလူ ဒီလစ်ဂ်ျရဲ့အပြောင်းအရွှေ့ကို တရားဝင်ကြေညာဖွယ်ရှိနေတဲ့ ပီအက်စ်ဂျီ

12:20 PM, 19 June

ပြင်သစ်ကလာတဲ့ သတင်းတွေအရတော့ ပီအက်စ်ဂျီ အသင်းဟာ အေဂျက်နောက်ခံလူ ဒီလစ်ဂ်ျကိုပေါင် ၈၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီး အခုအပတ်ထဲမှာပဲ တရားဝင်ကြေညာဖွယ်ရှိနေတယ်လို့ ဖော်ပြလိုက်ပါတယ်။

အဆိုပါနောက်ခံလူဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ ၅နှစ် စာချုပ်ချုပ်ဆိုမယ်လို့သိရပြီး ပြင်သစ်ကလပ်နဲ့ အေးဂျင့် ရွိုင်းအိုလာကြားမှာလည်း သဘောတူညီမှုရရှိပြီးဖြစ်တယ်လို့သိရှိရပါတယ်။

တကယ်လို့သာ ပီအက်စ်ဂျီအသင်းကစားသမားအသစ်ဖြစ်လာပါက ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးနောက်တန်း ကစားသမားဖြစ်လာဖွယ်ရှိနေပါတယ်။

#ဒီလစ်ဂ်ျ