ရှေ့သို့
Image

"မန်ယူကို ဒီလစ်ခ်ျ မပြောင်းသင့်ပါဘူး"ဂူလစ်

10:28 AM, 19 June

နယ်သာလန် ဂန္တ၀င် ရူဒ်ဂူလစ်က အေဂျက်စ်စတား ဒီလစ်ခ်ျဟာ ယူနိုက်တက်ကို မပြောင်းရွေ့သင့်ဘူးလို့ အကြံပြုခဲ့ပါတယ်။

ဒီလစ်ခ်ျဟာ အေဂျက်စ်က ထွက်ခွာတော့မှာဖြစ်ပြီး မန်ယူ၊ ပီအက်စ်ဂျီ၊ လီဗာပူး၊ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်အသင်းတို့က ချိတ်ဆက်လျက်ရှိနေပါတယ်။

ဂူလစ်ကတော့ ချန်ပီယံလိဂ်မှာ ကစားခွင့်မရတဲ့ မန်ယူအသင်းကို ဒီလစ်ခ်ျတစ်ယောက် မပြောင်းရွေ့သင့်ဘူးလို့ အကြံပေးခဲ့ပါတယ်။

ဂူလစ်က "ကျွန်တော်ကတော့ မန်ယူကို မပြောင်းသင့်ဘူးလို့ ထင်ပါတယ်။ သူတို့ ချန်ပီယံလိဂ်မှာ ကစားခွင့်မရပါဘူး။ ကျွန်တော်ကတော့ သူ ချန်ပီယံလိဂ်မှာ ကစားချင်တယ်လို့ ထင်ပါတယ်။ ဒါက မန်ယူအတွက် စိတ်မကောင်းစရာပါပဲ။ ဒါက မန်ယူအသင်းအတွက် ခက်ခဲမှာပါ။ သူ ဆုံးဖြတ်ချက်ကို မှန်ကန်စွာ ချနိုင်မယ်လို့တော့ ကျွန်တော်ထင်ပါတယ်"လို့ ပြောခဲ့ပါတယ်။

ဒီလစ်ခ်ျဟာ ယမန်နှစ်ရာသီ အေဂျက်စ်အသင်းမှာ အသင်းခေါင်းဆောင်အဖြစ် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ပြည်တွင်းဖလား ၂လုံးကို ရရှိခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အထိ ရောက်ရှိနိုင်ခဲ့ပါတယ်။

#မနျခကျြစတာယူနိုကျတကျ #ဒီလစ်ဂ်ျ #ဂူလစ်