ရှေ့သို့
Image

VARကြောင့် ဂိုးမရှိ သရေကျခဲ့တဲ့ အိမ်ရှင် ဘရာဇီးလ်

9:57 AM, 19 June

ယနေ့ မနက်က ကစားခဲ့တဲ့ ကိုပါအမေရိက ပွဲစဉ်မှာ ဘရာဇီးလ် အသင်းနဲ့ ဗင်နီဇွဲလားအသင်းတို့ ၁ ဖက်စီ သရေကျခဲ့ပြီး သရေတစ်မှတ်စီ ခွဲယူသွားခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်မှာ ဘရာဇီးလ် အသင်းရဲ့ သွင်းဂိုး ၂ဂိုးကို VARနဲ ကွင်းလယ်ဒိုင်က ပယ်ဖျက်ခဲ့ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာ နီရက်စ် တောင်ပံကနေ အပြင်းကန်ခဲ့ပေမယ့် ဂိုးပေါက်နဲ့ ကပ်ပြီးလွဲချော်သွားခဲ့ပါတယ်။

၁၉မိနစ်မှာ ဟာနန်ဒက်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ ရွန်ဒွန် ခေါင်းတိုက် သွင်ယူခဲ့ပေမယ့် ဂိုးဘေးက ကပ်ပြီး လွဲချော်သွားခဲ့ပါတယ်။

ပွဲချိန် မိနစ် ၄၀မှာ ဘရာဇီးတို့ ဦးဆောင်ဂိုး ရခဲ့ပေမယ့် တိုက်စစ်မှူး ဖာမီနိုဟာ ဂိုးမသွင်းခင်မှာ ဗင်နီဇွဲလား နောက်ခံလူကို တွန်းထားခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ခြင်း မရှိခဲ့ပါဘူး။

၆၁မိနစ်မှာ ဘရာဇီးလ် အသင်း ဂိုး ထပ်မံသွင်းယူခဲ့ပေမယ့် VAR ပြန်လည် ကြည့်ရှုံပြီးတဲ့နောက်မှာတော့ ဖာမီနို ဘောလုံး လက်ခံရယူစဉ်မှာ လူကျွံနေခဲ့တယ်လို့ သတ်မှတ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ဂိုးကို ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်။

၈၈ မိနစ်မှာလည်း ကွင်းလယ်လူ ကော်တင်ဟို ဂိုးသွင်းယူခဲ့ပေမယ့် VAR ပြန်လည် ကြည့်ရှုပြီးတဲ့နောက်မှာတော့ ကွင်းလယ်ဒိုင်က ဂိုးကို ပယ်ဖျက်ခဲ့ပြန်ပါတယ်။ အဆိုပါ ဂိုးကိုတော့ မည်သည့် အကြောင်းကြောင့် ပယ်ဖျက်ခဲ့လည်းဆိုတာ ရှင်းရှင်းလင်းလင်း မသိခဲ့ရပါဘူး။

အချိန်ပိုကို ၁၀ မိနစ်အထိ သတ်မှတ်ပေးခဲ့ပေမယ့် ဗင်နီဇွဲလား အသင်းက အကောင်းဆုံး ထိန်းချုပ်သွားခဲ့တာကြောင့်  အိမ်ရှင် ဘရာဇီးလ် အသင်း သရေတစ်မှတ်သာ ရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ဘရာဇီးလ် အသင်းက ရမှတ် ၄မှတ်ဖြင့် ဇယားထိပ်ဆုံးမှာ ရပ်တည်လျက် ရှိပါတယ်။

#ဗင်နီဇွဲလား #ကိုပါအမေရိက