ရှေ့သို့
Image

ဒိုင်အုပ်ရဲ့ အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်း အဖြစ် ယူနိုက်တက်ထံမှ မာရှယ်ကို ၀က်စ်ဟမ်းတောင်းဆို

9:52 AM, 19 June

ဝက်စ်ဟမ်းအသင်းဟာ နောက်ခံလူ ဒိုင်အုပ်ရဲ့ အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်း အဖြစ် မာရှယ်ကို အလိုက်ပေးရမယ်လို့ ယူနိုက်တက်ကို ၀က်စ်ဟမ်းအသင်းက တောင်းဆိုလိုက်ပါတယ်။ မန်ယူအသင်းဟာ နောက်ခံလူ တစ်ဦး ရှာဖွေနေပြီး ယမန်နှစ်က ၀က်စ်ဟမ်း အသင်းနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ ဒိုင်အုပ်ကို ခေါ်ယူဖို့ ချဉ်းကပ်လာခဲ့တာ ဖြစ်ပါတယ်။

ကနဦး ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းချက်ကို ၀က်စ်ဟမ်း အသင်းက ပယ်ချခဲ့ပြီးနောက် မာရှယ်ကို အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်း အဖြစ် ကမ်းလှမ်းဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ၀က်စ်ဟမ်း အသင်းဟာ ဒိုင်အုပ်ကို ၂၀၁၈ ခုနှစ်က တူးလော့စ် အသင်းကနေ ပေါင် ၂၂ သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်က ဒိုင်အုပ်ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့ပေမယ့် ၀က်စ်ဟမ်း အသင်းကတော့ ပေါင် သန်း ၆၀ ထက် လျော့နည်းတဲ့ ပမာဏနဲ့ ရောင်းချသွားဖို့ မရှိပါဘူး။ မန်ယူအသင်းဟာ လက်စတာ နောက်ခံလူ မက်ဂွာရီကိုလည်း ပစ်မှတ်ထားနေပြီး လက်စတာအသင်းက ပေါင် သန်း ၉၀ အထိ ဈေးတင်ထားခဲ့တာကြောင့် မန်ယူနဲ့ မန်စီးတီးတို့အတွက် အခက်အခဲတစ်ရပ် ဖြစ်လာခဲ့ပါတယ်။

နာပိုလီ နောက်ခံလူ ကူလီဘာလီဟာလည်း မန်ယူအသင်းရဲ့ ရွေးချယ်စရာ တစ်ခုဖြစ်ပေမယ့် နာပိုလီအသင်းက ပေါင် သန်း ၁၀၀ နီးပါး မရရင်တော့ ရောင်းချသွားဖွယ် မရှိပါဘူး။ တိုက်စစ်မှူး မာရှယ်ဟာ မန်ယူအသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပါတယ်။

မော်ရင်ဟိုရဲ့  လက်ထက်မှာ မာရှယ်ဟာ အရန်ခုံမှာသာ ရှိခဲ့ရပြီး မော်ရင်ဟိုသာ ထုတ်ပယ် မခံခဲ့ရရင် မာရှယ်ကို ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။ ဒါပေမယ့် အသင်း တာဝန်ရှိသူတွေကတော့ မာရှယ်ကို ရောင်းချသွားဖို့ မရှိပဲ လူငယ်တွေနဲ့ အသင်းကို ပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေခဲ့ပါတယ်။

#မနျခကျြစတာယူနိုကျတကျ #ဝက်စ်ဟမ်း #အစ်ဆာဒိုင်အုပ်