ရှေ့သို့
Image

ယနေ့အတွက် စီးရီအေ သတင်းတိုများ

4:58 PM, 18 June

ဆမ်ဒိုးရီးယား အသင်းဟာ ရိုမားအသင်းနည်းပြဟောင်း ဒီဖရန်စ္စကိုအား နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ နီးစပ်နေပြိ ဖြစ်ပါတယ်။ ဆမ်ဒိုးရီးယားအသင်းဟာ ဒီဖရန်စ္စကိုအတွက် တစ်နှစ်လုပ် ယူရို ၁.၈ သန်း ပေးချေသွားဖို့ ရှိပြီး ၃နှစ်စာချုပ်ချုပ်သွားဖွယ် ရှိနေပါတယ်။

အတ္တလန္တာ အသင်းဟာ ဆီဗီလာ တိုက်စစ်မှူး မူရီရယ်ကို ယူရို ၁၈သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အတ္တလန္တာ အသင်းဟာ မူရီရယ်ကို တစ်နှစ်လုပ်ခ ယူရို ၁.၅သန်း ပေးချေပြီး ၅နှစ်စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

နာပိုလီအသင်းဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီ ဖြစ်ပါတယ်။ ဂျိမ်းစ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ အငှားဖြင့် ပြန်လာခဲ့ပြီးနောက် နာပိုလီအသင်းကို ပြောင်းရွေ့ဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

အမ်ပိုလီ ကွင်းလယ်လူ ကရူနစ်ဟာ အေစီမီလန်အသင်းနဲ့ ဆေးစစ်ဖို့အတွက် မီလန်မြို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အေစီမီလန်အသင်းဟာ ကရူနစ်အတွက် ယူရို ၈သန်း ပေးချေခဲ့ရပြီး ၄နှစ်စာချုပ်ချုပ်သွားဖို့ ရှိနေပါတယ်။

ပါးမားအသင်းဟာ တိုက်စစ်မှူး ဘာလော့တယ်လီကို ခေါ်ယူဖို့အတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘာလော့တယ်လီကတော့ ပါးမားအသင်းကို တစ်နှစ်လုပ်ခ ယူရို ၄သန်း တောင်းဆိုထားခဲ့ပါတယ်။

အာဆင်နယ်နဲ့ အင်တာမီလန်အသင်းတို့ရဲ့ ပစ်မှတ် ရာဒူက ဂျီနိုအာအသင်းမှာသာ ဆက်ရှိနေမယ့် အကြောင်း ပြောကြားလိုက်ပါတယ်။ ရာဒူက သူဟာ ဂျီနိုအာအသင်းမှာ ပျော်ရွှင်နေပြီး လာမယ့်နှစ်မှလည်း ဂျီနိုအာမှာသာ ဆက်ရှိနေမယ်လို့ ပြောကြားခဲ့ပါတယ်။

ဖီအိုရင်တီးနား ဥက္ကဌ ရိုကို ကိုမစ်ဆိုက တောင်ပံကစားသမား ချီဆာကို ယူရို သန်း၁၀၀ ပေးရင်တောင် မရောင်းဘူးလို့ တုံ့ပြန်လိုက်ပါတယ်။ ချီဆာဟာ လက်ရှိ အီတလီ ယူ-၂၁အသင်းမှာ ပါဝင်ခြေစွမ်းပြနေပြီး ဥရောပ အသင်းကြီး တော်တော်များများက မျက်စိကျလျက် ရှိပါတယ်။

အင်တာမီလန် အသင်းဟာ ဟာသာဘာလင် တောင်ပံကစားသမား လာဇာရိုကို ခေါ်ယူဖို့ ဆွေးနွေးလျက်ရှိပါတယ်။ အင်တာမီလန်အသင်းဟာ လာဇာရိုရဲ့ အေးဂျင့်ဖြစ်သူကို ဆက်သွယ်ထားပြီး ယူရို ၁၅ သန်းနဲ့ ခေါ်ယူဖို့ စီစဉ်လျက် ရှိနေပါတယ်။

တိုရီနိုအသင်းဟာ ဆမ်ဒိုးရီယား တောင်ပံလူ နီကိုလာ မူရုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ တိုရီနိုနဲ့ ဆမ်ဒိုးရီယားတို့ရဲ့ ဆွေးနွေးမှု မစတင်သေးပေမယ့် တိုရီနိုအသင်းကတော့ စိတ်ဝင်စားမှု အပြည့်ပြသနေပါတယ်။

#စီးရီးအေ #ဘာလော့တယ်လီ