ရှေ့သို့
Image

ဒီဘရိုင်းရဲ့သားဖြစ်သူပုံ နဲ့အတူ အသင်းဖော်တစ်ဦးကို စနောက်ခဲ့တဲ့ မန်ဒီ

4:48 PM, 18 June

မန်စီးတီးအသင်း နောက်ခံလူ မန်ဒီကတော့ အသင်းဖော် ဒီဘရိုင်းရဲ့သားဖြစ်သူပုံ နေရာမှာ နောက်ခံလူ ဇင်ချန်ကိုရဲ့ပုံကိုထည့်ပြီး စနောက်ခဲ့ပါတယ်။

အဆိုပါ ဘယ်လ်ဂျီယံသားဟာ သူ့ရဲ့သားဖြစ်သူနဲ့ ရေကူးကန်ထဲမှာ ဘက်စ်ကတ်ဘော ပစ်သလို ကစားနေကြတဲ့ပုံကို တင်ခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ NBA ရာသီကို လွမ်းဆွတ်နေတာကြောင့် အခုလိုမျိုး ကလေးကို ဘတ်စ်ကတ်ဘောလိုမျိုး ပစ်ခဲ့တာပါ ဆိုပြီး ဇင်ချန်ကို ပုံကိုတပ်ကာ သနားစရာ ဇင်ချန်ကိုလေးရေ”လို့ တွစ်တာမှာ နောက်ခံလူ မန်ဒီက တင်ခဲ့တာ ဖြစ်ပါတယ်။

ကွင်းလယ်ကစား ဒီဘရိုင်းနဲ့ နောက်ခံလူ ဇင်ချန်ကိုတို့ဟာ အက်ဖ်အေဖလား ရရှိစဉ်တုန်းကလည်း ၂ ဦးသား ဓာတ်ပုံအတူတူ ရိုက်ခဲ့ကြတာ ဖြစ်ကာ ရုပ်ချင်း အတော်ဆင်ကြတာကို မြင်တွေ့ခဲ့ရပါတယ်။

“မနောက်ပါနဲ့ မန်ဒီရယ် ၊ အဲ့တာ ဒီဘရိုင်းရဲ့သားလား။ သနားစရာ ဇင်ချန်ကိုလေး”လို့ တွစ်တာ အသုံးပြုသူ ဒေးဗစ်က ရေးသားခဲ့ပါတယ်။

“ကျွန်တော်အခု ပရီးမီးယားလိဂ်ကို လွမ်းနေတာ အခုလိုမျိုးတော့ မနောက်သင့်ပါဘူး။ သနားစရာ ဇင်ချန်ကိုလေး”လို့ နောက်ထပ် တွစ်တာ အသုံးပြုသူ ရိုဟစ်က ဟာသလုပ် ရေးသားခဲ့ပါတယ်။

ကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ တိုရန်တို အသင်းက ဂိုးဒင်းလ်စတား အနိုင်ရရှိပြီး NBA ချန်ပီယံဆုကို ရယူခဲ့တုန်းကလည်း ပို့စ်တင်ခဲ့သေးတာ ဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ သြဂုတ်လ ၄ ရက်နေ့မှာ လီဗာပူးအသင်းနဲ့ ကွန်မြူနတီဖလားပွဲစဉ် ကစားရမှာ ဖြစ်ကာ နောက်ထပ် ၆ ရက်အကြာမှာတော့ ၀က်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ထပ်မံ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

#မန်စီးတီး #ဇင္ခ်န္ကို