ရှေ့သို့
Image

လက်စတာကွင်းလယ်လူ မက်ဒီဆင်ကို ပေါင် ၆၀ သန်းနဲ့ ခေါ်ယူဖို့ပြင်ဆင်နေတဲ့ မန်ယူ

4:16 PM, 18 June

လက်စတာအသင်းကွင်းလယ်ကစားသမား မက်ဒီဆင်ကိုတော့ မန်ယူအသင်းက ခေါ်ယူဖို့ချိတ်ဆက်နေပြီး အနည်းဆုံးပေါင် ၆၀ သန်းလောက် ကုန်ကျဖွယ်ရှိနေပါတယ်။

အဆိုပါကွင်းလယ်ကစားသမားကိုတော့ မန်ယူအသင်းအပြင် လီဗာပူး၊ စပါးအသင်းတို့ကလည်း ခေါ်ယူဖို့ချိတ်ဆက်နေတာဖြစ်ပါတယ်။

ထို့အပြင် အသက် ၂၂နှစ်အရွယ်ကွင်းလယ်ကစားသမားကလည်း သူ့အနေဲ့ပုံမှန်ပွဲထွက်ခွင့်ရချင်တယ်လို့ အသင်းကိုသတိပေးခဲ့ပါတယ်။

“ကျွန်တော်အမြဲတမ်းတော့ အရန်ခုံမှာမထိုင်ချင်ပါဘူး။ ပုံမှန်ပွဲထွက်ခွင့်ရချင်ပါတယ်လို့ မက်ဒီဆင်က ပြောကြားခဲ့ပါတယ်။ အမြဲတမ်းပွဲတွေကစားချင်ပါတယ်။ လိဂ်ဝမ်းပဲဖြစ်ဖြစ် ပရီးမီးယားလိဂ်ပဲဖြစ်ဖြစ် ကစားချင်ပါတယ်။ နော့ဝှစ်ခ်ျမှာတုန်းကဆို ကျွန်တော် အရန်ခုံထိုင်ရလို့ နည်းပြ အဲလက်စ်နေးလ်နဲ့တွေ့ပြီး ကျွန်တော်အရန်ခုံမှာမထိုင်ချင်ကြောင်းနဲ့ အငှားနဲ့ထွက်ကစားချင်တယ်လို့ပြောကြားခဲ့ပါတယ်”လို့ မက်ဒီဆင်ကပြောပါတယ်။

“ဒါကြောင့် ကျွန်တော်အသက် ၁၈ နှစ်မှာ အက်ဘာဒန်ကိုအငှားထွက်ကစားခဲ့ပါတယ်။ အဲ့မှာကျွန်တော် ပွဲ အတွေ့အကြုံတော်တော်များများရလိုက်ပါတယ်။ ပြီးတော့ ကျွန်တော်လိဂ်ဝမ်းကို ကိုဗင်ထရီကို အငှားထွက်ကစားခဲ့ပါတယ်”လို့ သူက ဆိုပါတယ်။

လက်စတာ အသင်းဟာ ကွင်းလယ်ကစားသမား မက်ဒီဆင်ကို နော်ဝှစ်ခ်ျအသင်းကနေ ပေါင် ၂၂သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ကာ အသင်းမှာ ခြေစွမ်းပြ ကစားခဲ့တာကြောင့် ဥရောပကလပ် အသင်းကြီးတော်တော်များများက ခေါ်ယူဖို့စိတ်ဝင်စားနေကြပါတယ်။

လက်ရှိအချိန်မှာတော့ မက်ဒီဆင်ဟာ အင်္ဂလန်ယူ - ၂၁ အသင်းနဲ့ နိုင်ငံတကာပွဲစဉ်ကို ဆင်နွှဲနေတာဖြစ်ပါတယ်။

#မနျခကျြစတာယူနိုကျတကျ #မက်ဒီဆင်