ရှေ့သို့
Image
ယနေ့ အတွက် တော့တင်ဟမ် သတင်းတိုများ
1:30 PM, 18 June
ကွင်းလယ်လူ တန်ဂိုင် အမ်ဒွန်ဘီလီကို လိုချင်ပါက ပေါင် ၆၃ သန်း ကုန်ကျမည်ဟု လိုင်ယွန်အသင်းက တော့တင်ဟမ်အသင်းကို သတိပေးလိုက်ပါတယ်။
ကွင်းသစ်လည်း ပြီးသွားပြီ ဖြစ်သလို ယမန်နှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ ရောက်ခဲ့တာကြောင့် စပါးအသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ လူသစ်ထပ်ခေါ်ဖို့ ရှိနေပါတယ်။စပါးဟာ လိုင်ယွန်ရဲ့ဈေးသတ်မှတ်မှုကို မလိုက်လျောသေးပေမယ့် ကစားသမားက အားလပ်ရက်ရတဲ့ အချိန်မှာ ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် အမ်ဒွန်ဘီလီကို မန်စီးတီး၊ မန်ချက်စတာ ယူနိုက်တက်တို့ ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။
>>> ယူရို၂၁ ပြိုင်ပွဲမှာ လှလှပပ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ဒန်နီ စီဘယ်လော့စ်ကို ခေါ်ယူရန် တော့တင်ဟမ် ပရိသတ်များက ဆန္ဒ ရှိလာကြပါတယ်။
လက်ရှိမှာ တော့တင်ဟမ်ဟာ လိုင်ယွန်ရဲ့တန်ဂိုင် အမ်ဒွန်ဘီလီကို ခေါ်ယူရန် ချိတ်ဆက်နေပေမယ့် နောက်ထပ် တစ်ဦးဖြစ်တဲ့ စီဘယ်လော့စ်ကိုလည်း စိတ်ဝင်စားမှု ရှိနေတာပါ။စပိန်သားဟာ ဘက်တစ်မှာ ခြေစွမ်းပြလာတဲ့နောက် ရီးရဲလ်မက်ဒရစ်မှာ ၂ ရာသီ ကစားထားပါတယ်။ အသက် ၂၂ နှစ်သားဟာ ၅၆ ပွဲ ကစားရာမှာ ၅ ဂိုး သွင်းယူထားပါတယ်။ ယခုနှစ်အတွင်း ကွင်းလယ် ကစားသမားဟာ စပိန်အသင်းအတွက် ၆ ပွဲ ပါဝင် ကစားပေးထားကာ အီတလီမှာ ကျင်းပတဲ့ ယူရို ၂၁ ပြိုင်ပွဲဝင် စပိန်အသင်းမှာလည်း  ပါဝင် ကစားလျက်ရှိပါတယ်။ ထွက်ပေါ်လာတဲ့ ဗီဒီယိုမှာတော့ အသက် ၂၂ နှစ်သားဟာ စပိန် အသင်းအတွက် လှလှပပ ဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။အသင်းဖော် ဖာဘီယန် ရူဇ်က ချပေးလိုက်တဲ့ ဘောလုံးကို မက်ဒရစ် ကြယ်ပွင်ဟာ ကိုက် ၃၀ အကွာကနေ အကောင်းဆုံး အဆုံးသတ် ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ တော့တင်ဟမ်အသင်း ပရိသတ်တွေက စီဘယ်လော့စ်ရဲ့ခြေစွမ်းကို သိမြင်သွားခဲ့ပြီး စိတ်ဝင်စားမှု ပြလာခဲ့ပါတယ်။
>>> လန်ဒန်ဘောလုံးရဲ့ ဖော်ပြချက်အရ တော့တင်ဟမ် အသင်းဟာ စာချုပ် ၁၂ လသာ ကျန်တော့တဲ့ ကွင်းလယ်လူ ခရစ်စတီယန် အဲရစ်ဆင်ကို တစ်ပတ် လစာ ပေါင် ၂ သိန်းအထိ ပေးကာ စာချုပ်သစ် ကမ်းလှမ်းသွားဖို့ ရှိနေကြောင်း သိရပါတယ်။ ဒါပေမယ့် ဒိန်းမတ်သားဟာ လန်ဒန်ကလပ်ကနေ ထွက်ခွာလိုနေပြီး ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့လိုနေပါတယ်။သို့ ပေမယ့်လည်း တော့တင်ဟမ်အသင်းဟာ အဲရစ်ဆင်အပေါ် လက်မလျော့သေးပဲ တစ်ပတ် လစာတိုးပေးကာ စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း အသင်းရဲ့ အဓိကတိုက်စစ်မှူး ကိန်းဟာ တစ်နှစ် လစာ ပေါင် ၁၀.၄ သန်းဖြင့် စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တာပါ။
>>> တော့တင်ဟမ်အသင်းဟာ ရွိုင် ဆက်စီနွန်ကို ခေါ်ယူရန် ဒန်နီရို့ စ်ကို ရောင်းချသွားဖွယ် ရှိနေကြောင်း သိရပါတယ်။
>>> တော့တင်ဟမ်အသင်း အပါအ၀င် ဥရောပ အသင်းကြီးများစွာက ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ အေဂျက်နောက်ခံလူ မက်သီဂျက် ဒီလစ်ဂ်ျက ၎င်းလေးစားအားကျရတဲ့ နောက်ခံလူဟာ အေဂျက်အသင်း ခေါင်းဆောင်ဟောင်း ဗာတွန်ဂမ် ဖြစ်တယ်လို့  ဖွင့်ဟလိုက်ပါတယ်။ ဒီလစ်ဂ်ျဟာ ဗာတွန်ဂမ်ကဲ့သို့  အေဂျက် အကယ်ဒမီကနေ ပေါ်ထွန်းလာတာဖြစ်ပြီး အသက် ငယ်ငယ်ရွယ်ရွယ်နဲ့  အသင်းခေါင်းဆောင် ရာထူးကို ရရှိထားတာ ဖြစ်ပါတယ်။ဒီလစ်ဂ်ျက ပြောရာမှာ “နောက်ခံလူတစ်ဦးကို သေချာ စောင့်ကြည့် ဖြစ်ခဲ့တာကတော့ ဂျန် ဗာတွန်ဂမ် ဖြစ်ပါတယ်။ အေဂျက်မှာ သူက နံပါတ် ၄ ကို ၀တ်ဆင်ခဲ့ပြီး အသင်းခေါင်းဆောင်လည်း ဖြစ်တယ်။ ကျွန်တော်က ဂျန် ဗာတွန်ဂမ်ရဲ့အမာခံ ပရိသတ် တစ်ဦးပါ။ အခုထိလည်း ဖြစ်တုန်းပါပဲ ။  သူက ကျွန်တော် အရမ်းကြိုက်တဲ့ ကစားသမားတစ်ဦးပါ”ဟု ပြောကြားခဲ့ပါတယ်။
>>> တော့တင်ဟမ်အသင်းရဲ့ ထိုင်ခုံ ၆ သောင်း၂ ထောင်ဆန့် ကွင်းသစ်ဟာ လုံခြုံရေးအရ နှောင့်နှေးမှုများ ရှိသော်လည်း နောက်ဆုံးမှာ ကောင်းမွန်စွာ ကျင်းပ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ဒီလို မျှော်မှန်းထားတာထက် နောက်ကျစွာ ဖွင့်လှစ်ခဲ့မှုကြောင့် ခန့် မှန်းချေ ကုန်ကျစရိတ်ဟာ ပေါင် ၇၈၉ သန်းကနေ ပေါင်သန်း ၈၅၀ လောက်ထိ တက်သွားပါတယ်။ဒါပေမယ့် စပါးဟာ ပွဲတစ်ပွဲ ကျင်းပရာမှာ ကွင်းအတွင်းရှိ စားသောက်ဆိုင်တွေကနေ ပေါင် ၈ သိန်းလောက် ပြန်ရနေပါတယ်။သို့ ပေမယ့် ဒီလို အမြတ်ရမှုကြောင့်ပဲ အခွန်ပေးဆောင်ရတဲ့ ပမာဏဟာ အခြားသော အသင်းတွေထက် တော့တင်ဟမ်ဟာ ပိုများလျက်ရှိပါတယ်။
ပုံမှန်အရ အခွန်အခအတွက် မြောက်လန်ဒန် ကလပ်ဟာ တစ်နှစ်ကို ပေါင် ၃.၇သန်း ပေးဆောင်ရပေမယ့် ကွင်းသစ် အပြီးမှာတော့ ပေါင် ၇.၁၉ သန်းအထိ ခုန်တက်သွားပါတယ်။
ဒီစည်းမျဉ်းကို Valuation Office Agency က သက်ဆိုင်ရာ ကလပ်တွေရဲ့ စီးပွားရေးတွေကို အခြေခံပြီး တွက်ချက်ကာ ပြဌာန်းထားတာ ဖြစ်ပါတယ်။
ဒါကြောင့် စပါးဟာ အခွန်အခအတွက် ပေးဆောင်ရတဲ့ အသင်းများတွင် ပေါင် ၇.၁၉ သန်းဖြင့် အခြားသော ပရီးမီးယားလိဂ် ပြိုင်ဘက်တွေထက် ပိုပေးရလျက် ရှိပါတယ်။
အားလုံးထဲတွင် အနည်းဆုံးက ၀က်စ်ဟမ်း ဖြစ်ပြီး လန်ဒန်ကွင်းထဲတွင် သီးသန့် ရုံးခန်းနဲ့  လက်လီဆိုင်တွေသာ ရှိတာကြောင့် အခွန်အခ အဖြစ် ပေါင် ၂ သိန်း ၈ သောင်း ၀န်းကျင်သာ ပေးဆောင်ရပါတယ်။
ပရီးမီးယားလိဂ်တွင် ကွင်းထဲရှိ အထွေထွေအတွက် အခွန် ပေးဆောင်ရမှု အများဆုံးအသင်းများ
၁။ တော့တင်ဟမ် - ပေါင် ၇.၁၉ သန်း
၂။ အာဆင်နယ် - ပေါင် ၆.၁ သန်း
၃။ မန်ချက်စတာယူနိုက်တက် - ပေါင် ၆ သန်း
၎။ မန်စီးတီး - ပေါင် ၄.၆ သန်း
၅။ လီဗာပူး - ပေါင် ၄.၄ သန်း
၆။ နယူးကာဆယ် - ပေါင် ၄ သန်း
၇။ ချဲလ်ဆီး - ပေါင် ၃.၆ သန်း
>>> စပါးအသင်းဟာ လာဇီယို ဂိုးသမား သောမတ်စ် စထရာကိုရှာကို ခေါ်ယူရန် စိတ်ဝင်စားလျက် ရှိပါတယ်။ အသက် ၂၄ နှစ်အရွယ် အယ်ဘေးနီးယား ဂိုးသမားဟာ ၂၀၁၂ ခုနှစ်ထဲက လာဇီယို အသင်းမှာ ရှိနေတာ ဖြစ်ပြီး ယမန်နှစ်က အသင်းအတွက် စီးရီးအေ ၃၅ ပွဲ ကစားထားပါတယ်။စပါးအသင်းကတော့ ဂိုးသမား ဟူဂို လိုရစ်ရဲ့နေရာမှာ ရေရှည် အစားထိုးရန် စထရာကိုရှာအား မျက်စိကျနေတာ ဖြစ်ပြီး အီတလီ ကလပ်ကတော့ ပေါင် ၄၄.၅ သန်း ဈေးသတ်မှတ်ထားပါတယ်။
#စပါး #အဲရစ်ဆင် #ဒန်နီဆီဘယ်လော့စ်