ရှေ့သို့
Image

ယူနိုက်တက်ကို ၀က်စ်ဟမ်း နောက်ခံလူ ဒိုင်အုပ် ပြောင်းရွှေ့လိုနေဟု သတင်းထွက်ပေါ်

12:49 PM, 18 June

ဝက်စ်ဟမ်းအသင်းဟာ နောက်ခံလူ အစ်ဆာဒိုင်အုပ်အတွက် ယူနိုက်တက်အသင်းရဲ့ပေါင်သန်း ၄၀နဲ့ ကမ်းလှမ်းမှုကို ပယ်ချထားပေမယ့် ကစားသမားဖြစ်သူကတော့ အိုးထရက်ဖို့ဒ်အခြေစိုက်အသင်းကို ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။

အသက် ၂၂နှစ်အရွယ်ရှိ အိုင်အုပ်ဟာ ပြီးခဲ့တဲ့နွေရာသီက တူးလော့စ်ကနေ ၀က်စ်ဟမ်းကို ပေါင် ၂၂ သန်းနဲ့ ရောက်ရှိလာခဲ့ပြီးနောက် သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ရာသီမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပါတယ်။

Telefoot ရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ ကစားသမားတစ်ဦးအပြင် ပေါင်သန်း ၄၀ပါ အလိုက်ပေးကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခြင်းခံခဲ့ရပေမယ့် အိုင်အုပ်ကတော့ ယူနိုက်တက်ကို ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ လက်စတာနောက်ခံလူ မာဂွီရီကိုလည်း ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ပေါင်သန်း ၈၀ အထိ သုံးစွဲရဖွယ်ရှိနေပါတယ်။

ဒိုင်အုပ်က မာဂွီရီ၊ ကူလီဘာလီတို့ထက်စာရင် ပြောင်းရွှေ့ကြေး ပိုသက်သာနိုင်ပြီး နာပိုလီအသင်းက ကူလီဘာလီ အတွက် ပေါင်သန်း ၁၀၀ အထိ အလိုရှိနေပါတယ်။

#အစ်ဆာဒိုင်အုပ်