ရှေ့သို့
Image

ဂျော်ဂျင်ဟို နဲ့ အီမာဆင်တို့ကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်ကို တိုက်တွန်းလိုက်တဲ့ ဆာရီ

11:35 AM, 18 June

ဂျူဗင်တပ်စ်အသင်း နည်းပြ ဆာရီကတော့ ချဲလ်ဆီးအသင်း ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုနဲ့ နောက်ခံလူ အီမာဆင်တို့ကို အီတလီမြေကို ခေါ်ယူဖို့ အလိုရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

အသက် ၆၀ အရွယ် နည်းပြဟာ ဂျူဗင်တပ်စ် အသင်းကို ၃ နှစ်စာချုပ်နဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

နည်းပြ ဆာရီဟာ ချဲလ်ဆီးအသင်းကို ပရီးမီယားလိဂ်မှာ အဆင့် ၃ နေရာမှာ ရပ်တည်စေခဲ့သလို ယူရိုပါလိဂ် ဖိုင်နယ်မှာလည်း အာဆင်နယ်အသင်းကို အနိုင်ရရှိပြီး ယူရိုပါလိဂ် ဖလားရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးအသင်း ပရိသတ်တွေကတော့ နည်းပြ ဆာရီရဲ့စွမ်းဆောင်ရည်ကို သဘောမကျ ဖြစ်နေခဲ့ပါတယ်။

အဓိကအချက်ကတော့ နည်းပြ ဆာရီရဲ့ ကွင်းလယ် ကစားသမား ကန်တီကို ပုံစံပြောင်းခဲ့တဲ့ အချက်ကို ပိုပြီး သဘောမကျဖြစ်ခဲ့ပြီး ကန်တီ ကစားတဲ့နေရာမှာ နာပိုလီ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို နေရာပေးခဲ့တာလည်း အချက်တစ်ချက်အဖြစ် ပါဝင်နေပါတယ်။

တိုင်းမ်းစ်သတင်း ဌာနကတော့ နည်းပြ ဆာရီဟာ ဂျူဗင်တပ်စ် အသင်းကို ချဲလ်ဆီးအသင်း ကွင်းလယ် ကစားသမားဟောင်း ဂျော်ဂျင်ဟိုအပြင် နောက်ခံလူ အီမာဆင်ကိုပါ ခေါ်ယူဖို့ တိုက်တွန်းထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် အီတလီ လက်ရွေးစင် ကစားသမားကတော့ ချဲလ်ဆီးအသင်းမှာ အထိုင်ကျဖို့ ရုန်းကန်နေရတာကြောင့် နည်းပြ ဆာရီက အီတလီမြေကို ပြန်လည် ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

“ကျွန်တော်အခု ချဲလ်ဆီးမှာ ပျော်နေပါတယ်။ အပြောင်းအရွှေ့အတွက်တော့ မစဉ်းစားချင်ပါဘူး။ ပြီးတော့ ဘယ်အသင်းမှလည်း မဆက်သွယ်ပါဘူး။ အခုလာမယ့် ရာသီကြိုပွဲစဉ်တွေ အတွက် ချဲလ်ဆီးအသင်းနဲ့ ရာသီကြို ပွဲစဉ်တွေအတွက် အာရုံစိုက်နေပါတယ်”လို့ အီမာဆင်က ပြောကြားခဲ့ပါတယ်။

#စီးရီးအေ #ဆာရီ # အီမာဆင်