ရှေ့သို့
Image

စာချုပ်သက်တမ်းကုန်ဆုံးပြီးလျှင် ချဲလ်ဆီးမှ ထွက်ခွာပြီး နည်းပြဆာရီနဲ့ လက်တွဲအလုပ်လုပ်သွားဖွယ်ရှိတဲ့ ချဲလ်ဆီး လက်ထောက်နည်းပြဇိုလာ

5:15 PM, 17 June

ချဲလ်ဆီးအသင်းလက်ထောက်နည်းပြ ဇိုလာဟာ ချဲလ်ဆီးအသင်းနဲ့ ယခုနှစ်နွေရာသီ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အခါ အသင်းက ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေအရသိရှိရပါတယ်။

ဇိုလာအနေနဲ့ မနှစ်က ချဲလ်ဆီးအသင်းကို နည်းပြဆာရီရဲ့ လက်ထောက်အနေနဲ့ ပြန်လည် ရောက်ရှိခဲ့တာပါ။

ဇိုလာစာ အသင်းနဲ့ တစ်နှစ်စာချုပ်ချုပ်ထားပြီး တဖက်မှာ နည်းပြဆာရီ အသင်းက ထွက်ခွာတော့မှာမို့ ဇိုလာကိုလည်း ချဲလ်ဆီးအသင်းက သက်တမ်းမတိုးတော့တာ ဖြစ်ပါတယ်။

Sky Sports သတင်းအရ ဇိုလာအနေနဲ့ နည်းပြဆာရီမရှိတဲ့နောက်ပိုင်း ချဲလ်ဆီးအသင်းရဲ့ နည်းပြအဖြစ် ဆက်လက်လုပ်ဆောင်လိုနေပေမယ့် အသင်းကတော့ ဇိုလာကို ထည့်မတွက်ပဲ အသင်းမှာ သက်တမ်းမတိုးတော့တာပဲ ဖြစ်ပါတယ်။

ဇိုလာဟာ ချဲလ်ဆီးအသင်းမှာ ကစားသမားအဖြစ် ၆ နှစ် ကစားခဲ့ပြီး ၂၂၉ ပွဲ ပါဝင် ကစားထားကာ ၅၉ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

လက်ရှိမှာ ချဲလ်ဆီး ကစားသမားဟောင်း ဖရန့်လမ်းပတ်ကို နည်းပြဆာရီနေရာ ဖြည့်တင်းတာဝန်ယူစေဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။

သို့သော်လည်း ချဲလ်ဆီးအသင်းကတော့ လမ်းပတ် နဲ့ပတ်သက်လို့ ဒါဘီအသင်းနဲ့ စာချုပ်ကိစ္စ ဘာမှ ဆက်သွယ်လုပ်ဆောင်ထားခြင်း မရှိသေးပါဘူး။

ဒါဘီအသင်းကတော့ သူတို့အသင်းကို ပရီးမီးယားလိဒ် အဆင့် တက်လှမ်းနိုင်လုနီးပါးစွမ်းဆောင်ပေးထားနိုင်ခဲ့တဲ့ အသင်းမှာဆက်ရှိနေစေချင်ပြီး အသင်းရဲ့ ဥက္ကဌမယ်လ်မောရစ်ကလည်း လမ်းပတ်ကို အသင်းမှာ နောက်ရာသီ တန်းတက်နိုင်အောင် ဦးဆောင်ပေးစေချင်နေပါတယ်။

ဒါဘီအသင်းနဲ့အတူ ပထမဆုံးနည်းပြခဲ့တဲ့ ရာသီမှာပဲ ပုံစံကောင်းတွေ စွမ်းဆောင်ထားနိုင်ခဲ့လို့ လမ်းပတ်ဟာ ချဲလ်ဆီးအသင်းနည်းပြ အတွက် ရေပန်းစားနေပေမယ့် လက်ရှိ ဒါဘီအသင်းကလဲ သက်တမ်းတိုးဖို့ ရှိနေပါတယ်။

#ကာဇိုလာ