ရှေ့သို့
Image

ယနေ့အတွက်မန်စီးတီးအသင်းသတင်းတိုများ

10:58 AM, 17 June

မန်စီးတီးအသင်းဟာ ဘာစီလိုနာ တောင်ပံကစားသမား ဖီလစ်ပီကော်တင်ဟိုကို ခေါ်ယူရေး တိုက်ပွဲမှာ ပါဝင်လာတယ်လို့ စပိန်သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ အဆိုပါ ကစားသမားကိုတော့ မန်စီးတီးအပြင် အခြားဥရောပကလပ် အသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

မန်စီးတီးအသင်း နောက်ခံလူ ဇင်ချန်ကိုဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်လာတယ်လို့ ၎င်းနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းတွေကတစ်ဆင့် သိရပါတယ်။

လာမယ့် ရက်သတ္တပတ်အတွင်းမှာ စီးတီးအသင်းဟာ ဥရောပ၀င်ခွင့် ပိတ်ပင်ခံရမယ့် အရေးနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ ယူအီးအက်ဖ်အေ တာဝန်ရှိသူတွေဟာ စီးတီးအသင်းအနေနဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် အခုလိုမျိုး ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ် ရှိနေတာဖြစ်ပါတယ်။

လက်စတာ နောက်ခံလူ မက်ဂွာရီကို ခေါ်ယူဖို့အတွက် တန်ကြေး မြင့်မားနေတာကြောင့် မန်စီးတီးအသင်း တာဝန်ရှိသူတွေ အနေနဲ့ လက်တွန့်နေကြပါတယ်။ အဆိုပါ နောက်ခံလူကိုတော့ မြို့ခံပြိုင်ဘက် မန်ယူအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

မန်စီးတီးအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား အစ္စကိုကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ စပိန်ကလပ်ဖက်ကလည်း သင့်တော်တဲ့ တန်ကြေးတစ်ရပ်သာ ရရှိခဲ့ပါက လက်လွှတ်သွားဖွယ် ရှိနေပါတယ်။

အက်သလက်တီကိုမက်ဒရစ် ကွင်းလယ်ကစားသမား ရိုဒရီဂိုဟာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် မကြာခင်မှာ ဆုံးဖြတ်သွားဖွယ် ရှိနေတယ်လို့ စပိန်သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

မန်စီးတီးအသင်းဟာ ဂျူဗင်တပ်စ် နောက်ခံလူ ကန်ဆယ်လိုနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ အီတလီမီဒီယာအချို့က ဖော်ပြခဲ့ကြပါတယ်။

နော့တင်ဟမ်ဖောရက်စ် အသင်းဟာ မန်စီးတီးဂိုးသမား အော်ရို မူရစ်ကို ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။

မန်စီးတီး လက်ထောက်နည်းပြ အာတီတာကတော့ နည်းပြ ဂွာဒီယိုလာဟာ တကယ့်တော်တဲ့ နည်းပြဖြစ်ပြီး အလုပ်ကြိုးစားတဲ့ နည်းပြဖြစ်တယ်လို့ ပြောကြားလိုက်ပြီး သူနဲ့အလုပ်တွဲလုပ်ရတာ အတော်လေးကို အဆင်ပြေတယ်လို့ ဆိုပါတယ်။

မန်စီးတီးအသင်းဟာ အီဘာအသင်း ဂိုးသမား ရီစဂိုကို ခေါ်ယူဖို့ စောင်ကြည့်နေပါတယ်။

#မန်စီးတီး #ဇင္ခ်န္ကို