ရှေ့သို့
Image

တိုက်စစ်မှူး တီမိုဝါနာ အတွက် ဘိုင်ယန်မြူးနစ်ကို သတိပေးလိုက်တဲ့ လိုက်ပ်ဇစ်

10:17 AM, 17 June

လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး တီမိုဝါနာကတော့ လက်ရှိအချိန်မှာ အသင်းနဲ့ စာချုပ် နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီး ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးအသင်းတို့က ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။

နည်းပြ ရမ်နစ်ကတော့ တိုက်စစ်မှူး ၀ါနာအနေနဲ့ လာမယ့် ရာသီအသင်းမှာ ဆက်ရှိနေမယ်လို့ ယုံကြည်နေပါတယ်။

အသက် ၂၃ နှစ်အရွယ် ကစားသမားကတော့ လက်ရှိအချိန်မှာ စာချုပ်နောက်ဆုံးနှစ်ထဲ ရောက်ရှိလာနေပြီ ဖြစ်ကာ ဘိုင်ယန် နဲ့ လီဗာပူးအသင်းတို့က ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။

“ကျွန်တော့် အမြင်အရ ဆိုရင် တီမိုဟာ ဒီမှာ အထိုင်ကျနေပြီလို့ ထင်ပါတယ်။ပြီးတော့ ဒီကလပ်ကလည်း သူ့အတွက် အကောင်းဆုံးပါ”လို့ သူက ကစ်ကာကို ပြောပါတယ်။

“ဖခင်တစ်ယောက် အနေနဲ့ အကြံပေးချင်တာကတော့ လာမယ့် ရာသီလည်း အသင်းမှာ ဆက်ရှိနေတာ ကောင်းပါတယ်။ ကလပ်အသင်းကြီးတွေကတော့ စိတ်ဝင်စားနေတယ် ဆိုတာသိပါတယ်။ ဒါပေမယ့် ဒီမှာ ဆက်ရှိနေတာက ပိုကောင်းတယ်လို့ မြင်မိပါတယ်”လို့ သူက ဆိုပါတယ်။

တိုက်စစ်မှူး တီမိုဝါနာဟာ အသင်းနဲ့ ပြိုင်ပွဲစုံ ၃၇ ပွဲမှာ ၁၉ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

“တီမိုအနေနဲ့လည်း အသင်းမှာ ဆက်နေပြီး သက်တမ်းတိုး စာချုပ်ချုပ်ဆိုမယ်လို့လည်း ထင်ပါတယ်။ ဒါပေမယ့် ဒါကလည်း သူ့ရဲ့ဆုံးဖြတ်ချက်ပေါ် မူတည်ပါတယ်။ ကျွန်တော်ကတော့ အသင်းမှာပဲ ဆက်ရှိ နေစေချင်ပါတယ်”လို့ နည်းပြ ရမ်နစ်က ပြောကြားခဲ့ပါတယ်။

#တီမိုဝါနာ