ရှေ့သို့
Image

အမျိုးသမီး ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့တဲ့ ဆွီဒင်နဲ့ အမေရိကန်အသင်း

9:26 AM, 17 June

အုပ်စု (အက်ဖ်)မှာတော့ ဆွီဒင်နဲ့ အမေရိကန် အသင်းတို့ဟာ တနင်္ဂနွေနေ့မှာ အနိုင် ရရှိခဲ့တာကြောင့် ရှုံးထွက်အဆင့်ကို တက်ရောက် သွားခဲ့ပါတယ်။

အမေရိကန် အသင်းကတော့ ချီလီအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ရမှတ် ၆ မှတ်နဲ့ အုပ်စု ပထမနေရာကနေ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြ အီလစ်ကတော့ ထိုင်းအသင်းကို ၁၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ လူစာရင်းကို ၈ နေရာလောက် အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ချီလီအသင်းကို ရင်ဆိုင်ခဲ့ပါတယ်။

အခြားတစ်ဖက်မှာတော့ ဆွီဒင်အသင်းက ထိုင်းအသင်းကို ၅-၁ ဂိုးနဲ့ အနိုင် ရရှိခဲ့ပါတယ်။

လင်ဒါ ဆန်ဘရန့်က ပွဲစပြီး ၅ မိနစ် ၂၄ စက္ကန့်မှာ အဖွင့်ဂိုး စတင် သွင်းယူခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် အမြန်ဆုံးသွင်းဂိုး ဖြစ်လာခဲ့ပြီး အက်ဟလန်နီ နဲ့ ရိုဖိုတို့က ပထမပိုင်း မပြီးခင်မှာ ထပ်မံ သွင်းယူခဲ့ပါတယ်။

စတုတ္ထမြောက်ဂိုးကိုတော့ လီနာ ဟာတင်းက သွင်းယူခဲ့ပြီး ပဉ္စမမြောက်ဂိုးကိုတော့ အီလင် ရူဘင်ဆန်က သွင်းယူခဲ့ကာ ထိုင်းအသင်းအတွက် ချေပဂိုးကို ကန်ဂျနာက သွင်းယူ ပေးခဲ့ပါတယ်။

#ဆွီဒင် #အမျိုးသမီးကမ္ဘာ့ဖလား