ရှေ့သို့
Image

အမျိုးသမီးကမ္ဘာ့ဖလားအုပ်စုပွဲစဉ်များ ပွဲကြိုခန့်မှန်းချက်

6:19 PM, 16 June

ဆွီဒင် - ထိုင်း (ည ၇း၃၀)

အဖွင့်ပွဲမှာ ချီလီကို ၂ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဆွီဒင်က နောက်တစ်ဆင့်တက်ဖို့ ရာခိုင်နှုန်းများနေပေမယ့် အုပ်စုပထမနေရာအတွက် လက်ရှိချန်ပီယံ အမေရိကန်နဲ့ အားပြိုင်နေရပါတယ်။ အဖွင့်ပွဲမှာ အမေရိကန်ကို ၁၃ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရတဲ့ ထိုင်းအသင်းကတော့ ဒီပွဲမှာ သိက္ခာပြန်ဆယ်နိုင်ဖို့ ကြိုးစားလာမှာဖြစ်ပြီး ခံစစ်ပိတ်ကစားလာနိုင်ပါတယ်။ ဒီအတွက်ကြောင့်လည်း ဆွီဒင်ရဲ့အကျောပေးမှုက မူလဖွင့်လှစ်မှု ၆+၁၅ ကနေ ၅-၅၀ အထိ ကျဆင်းလာသလို ဂိုးပေါင်းကလည်း ၇+၁၅ ကနေ ၆+၅၀ ဖြစ်လာပါတယ်။ ဒီကြေးနဲ့ဆို ဘော်ဒီအပေါ်သမားတွေ တစ်ခြမ်းစောင်းအားပေးလာနိုင်ပြီး သိက္ခာပြန်ဆယ်မယ့် ထိုင်းနဲ့ ဂိုးအောက်ကို တွဲရွေးချင်ပါတယ်။


အမေရိကန် - ချီလီ (ည ၁၀း၃၀)

ထိုင်းကို စံချိန်တင်ဂိုးပြတ်အနိုင်ယူခဲ့တဲ့ အမေရိကန်က လက်ရှိချန်ပီယံသရဖူကာကွယ်နိုင်ဖို့ အခြေအနေကောင်းနေပြီး ထိုင်းဘက်ကို တစ်ဦးတည်း ၅ဂိုးသွင်းယူခဲ့တဲ့တိုက်စစ်မှူးမော်ဂန်ကလည်း လက်ရှိပုံစံကောင်းကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားလာနိုင်ပါတယ်။ အဖွင့်ပွဲမှာ ဆွီဒင်ကို ၂-၀ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ချီလီကတော့ အတတ်နိုင်ဆုံးခံစစ်ပိတ်ကစားမှာဖြစ်ပြီး အမေရိကန်ကို ဂိုးပြန်သွင်းနိုင်တော့ မလွယ်ပါဘူး။ ဒါကြောင့် အမေရိကန်ရဲ့ဖွင့်လှစ်မှု ၄= ကနေ ၄-၇၀ ဖြစ်လာချိန်မှာ ဂိုးပေါင်းကြေးက ၅+၅၀ မှာပဲ ငြိမ်သက်နေတာပါ။ အမေရိကန်ဘော်ဒီတစ်ကွက်တည်းကစားစေချင်ပါတယ်။

#ပှဲကွိုသုံးသပျခကျြ #ထိုင်း #ဆွီဒင်