ရှေ့သို့
Image

"ကျွန်တော်တို့ ခေါင်းကိုမော့ပြီး ရှေ့ဆက်ရမှာပါ"မက်ဆီ

10:08 AM, 16 June

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက ကိုလံဘီယာအသင်းကို မထင်မှတ်ပဲ ၂-၀ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဆင်ခြေပေးနေဖို့ အချိန်မရှိဘူးလို့ ပြောကြားသွာခဲ့ပါတယ်။ ပထမပိုင်းမှာ အာဂျင်တီးနားအသင်းက ဖိအာပေးနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ရော်ဂျာ မာတီနက်ဇ်နဲ့ ဇာပါတာ တို့ရဲ့သွင်းဂိုးတွေကြောင့် ပွဲဦးထွက်ပွဲစဉ်က မလှပခဲ့ပါဘူး။

ဒါပေမယ့် မက်ဆီကတော့ အာဂျင်တီးနားအသင်း ပြန်လာဖို့သင့်ပြီလို့ ပြောသွားခဲ့ပါတယ်။

မက်ဆီက"ဒီရှုံးပွဲမှာ ကောင်းကျိုးတွေလည်း ရှိပါတယ်။ လာမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါပြီ။ ဒီအချိန်က အပြစ်တင်ရမယ့် အချိန် မဟုတ်ပါဘူး။ လာမယ့် ပွဲတွေအတွက် ခေါင်းကိုမော့ပြီး ရှေ့ဆက်ရမှာပါ။ ပြိုင်ပွဲတွေ အများကြီး ကျန်နေပါသေးတယ်။ သူတို့ ဘောလုံး
ကိုင်ကစားခဲ့ပေမယ့် အခွင့်အရေးကောင်းတွေ မရရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒုတိယပိုင်းမှာ တိုက်စစ်ကစားခဲ့တော့ သူတို့ ဂိုးရရှခဲ့ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး ကစားနေတဲ့အချိန်မှာ သူတို့ ကောင်းမွန်တဲ့ ဂိုးကို ရရှိခဲ့ပြီး ဒီဂိုးကပဲ ကျွန်တော်တို့ကို ရှုံးနိမ့်စေခဲ့ပါတယ်"လို့ ပြောခဲ့ပါတယ်။

မက်ဆီက အရှုံးကနေ သင်ခန်းစာယူဖို့လည်း အသင်းဖော်တွေကို တိုက်တွန်းသွားခဲ့ပါတယ်။

မက်ဆီက"လာမယ့် ပွဲစဉ်တွေအတွက် ဒီရှုံးပွဲကို သင်ခန်းစာ ယူသင့်ပါတယ်။ ပါရာဂွေးကိုသာ အနိုင်ရခဲ့မယ်ဆိုရင် ကျွန်တော်တို့ ကောင်းမွန်တဲ့ အခြေအေနေတစ်ခုကို ရောက်ရှိသွားမှာပါ"လို့ ပြောပါတယ်။

မက်ဆီနဲ့ အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိက ဗိုလ်လုပွဲကို ၂ကြိမ်ဆက် တက်ရောက်နိုင် ခဲ့ပေမယ့် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

#ကိုလံဘီယာ #ကိုပါအမေရိက