ရှေ့သို့
Image

လမ်းပတ်ကိုစာချုပ်သစ်ကမ်းလှမ်းဖို့ပြင်ဆင်နေတဲ့ ဒါဘီကောင်တီ

9:11 AM, 16 June

လမ်းပတ်ကိုစာချုပ်သစ်ကမ်းလှမ်းဖို့ပြင်ဆင်နေတဲ့ ဒါဘီကောင်တီ
==========================
ဒါဘီအသင်းဟာ ချဲလ်ဆီးအသင်းကခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ နည်းပြ လမ်းပတ်ကိုစာချုပ်သစ်ချုပ်ဆိုဖို့ပြင်ဆင်နေပါတယ်။
လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရတော့ ချဲလ်ဆီးအသင်းဟာ နည်းပြ ဆာရီနေရာကိုအစားထိုးဖို့အတွက် ကစားသမားဟောင်း လမ်းပတ်ကိုခေါ်ယူဖို့မျက်စိကျနေတယ်လို့ဖော်ပြနေကြပါတယ်။
ဂျူဗင်တပ်စ်အသင်းကတော့ နည်းပြ ဆာရီကို ၃နှစ်စာချုပ်နဲ့ချုပ်ဆိုဖို့သဘောတူညီမှုရရှိခဲ့ပြီလို့လည်း အီတလီသတင်းဌာနတွေကဖော်ပြနေကြပါတယ်။
ကွင်းလယ်ကစားသမား လမ်းပတ်ဟာ ချဲလ်ဆီးအသင်းမှာ ၂၀၀၁ခုနှစ်ကနေ ၂၀၁၄ခုနှစ်အထိကစားခဲ့ပြီး အသင်းအတွက် ၂၁၁ဂိုးအထိသွင်းယူပေးနိုင်ခဲ့ကာ အင်္ဂလန်အသင်းအတွက်တော့ ၁၀၆ပွဲအထိပါဝင်ကစားခဲ့ပါတယ်။
အသက် ၄၀အရွယ် လမ်းပတ်နဲ့ ဒါဘီအသင်းတို့ကြား စာချုပ်သက်တမ်း ၂နှစ်ကျန်ရှိနေပြီး ဒါဘီအသင်းကတော့ ၎င်းတို့ရဲ့နည်းပြ ကို ကာလရှည်စာချုပ်သစ်ချုပ်ဆိုဖို့ပြင်ဆင်နေပါတယ်။
လက်ထောက်နည်းပြ ဂျိုဒီ မိုရစ်ကတော့ လမ်းပတ်ဟာ ချဲလ်ဆီးအသင်းထံပြန်လည်ပြောင်ရွှေ့ဖို့ အလိုရှိနေတယ်လို့ဖွင့်ဟခဲ့ပါတယ်။
အခြားတစ်ဖက်မှာလည်း ဂိုးသမား ပီတာချက်ကလည်း အသင်းဟောင်းကို နည်းစနစ်ဒါရိုက်တာအဖြစ်ပြန်လည်ပြောင်းရွှေ့လာဖွယ်ရှိနေတာကြောင့် တကယ်လို့သာ နည်းပြ လမ်းပတ်အနေနဲ့ ချဲလ်ဆီးအသင်းဆီကိုသာ ပြန်လာဖြစ်ပါက ၂ဦးသားပြန်လည်ဆုံဆည်းဖွယ်ရှိနေပါတယ်။
ချဲလ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ၂ရာသီအပိတ်ခံရမှုကို အပြည်ပြည်ဆိုင်ရာ အားကစားခုံရုံးထံ အယူခံတင်ထားပြီးပေမယ့်လည်း လက်ရှိအချိန်အထိတော့ ထူးခြားမှုမရှိသေးတာဖြစ်ပါတယ်။
နည်းပြ ဆာရီကတော့ ချဲလ်ဆီးအသင်းကို ပရီးမီးယားလိဂ်မှာ အဆင့် ၃နေရာရပ်တည်စေခဲ့သလို ယူရိုပါလိဂ်ဖိုင်နယ်မှာလည်း အာဆင်နယ်အသင်းကိုအနိုင်ရရှိပြီး ဆုဖလားရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ ကလပ်အသင်းတာဝန်ရှိသူတွေဟာ နည်းပြ ဆာရီနဲ့ လမ်းခွဲရဖို့နီးစပ်နေတာကြောင့် ဒါဘီအသင်းနည်းပြ လမ်းပတ်ကို အသင်းထံခေါ်ယူဖို့ချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

#ဒါဘီ