ရှေ့သို့
Image

အာဂျင်တီးနား ၀ - ၂ ကိုလံဘီယာ: မာတီနက်ဇ် ၊ ဇာပါတာတို့ရဲ့သွင်းဂိုးတွေနဲ့ မက်ဆီပါဝင်တဲ့ အာဂျင်တီးနားကို ချေမှုန်းခဲ့တဲ့ ကိုလံဘီယာ

9:02 AM, 16 June

အာဂျင်တီးနား ၀ - ၂ ကိုလံဘီယာ: မာတီနက်ဇ် ၊ ဇာပါတာတို့ရဲ့သွင်းဂိုးတွေနဲ့ မက်ဆီပါဝင်တဲ့ အာဂျင်တီးနားကို ချေမှုန်းခဲ့တဲ့ ကိုလံဘီယာ
============================
ကိုလံဘီယာအသင်းကတော့ စနေန့ကကစားခဲ့တဲ့အဖွင့်ပွဲစဉ်မှာ မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းကို ၂-၀ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။
၂၀၁၅ ၊ ၂၀၁၆ခုနှစ်တွေတုန်းကလည်း ဒုတိယနေရာနဲ့ကျေနပ်ခဲ့ရတဲ့ အာဂျင်တီးနားအသင်းဟာ ၁၉၉၃ခုနှစ်နောက်ပိုင်းကတည်းက ဆုဖလားနဲ့လွဲချော်ခဲ့တာဖြစ်ကာ လက်ရှိပြိုင်ပွဲမှာလည်းဗိုလ်စွဲဖို့ရေပန်းစားနေတာဖြစ်ပါတယ်။
သို့သော်လည်း အုပ်စုအဖွင့်ပွဲစဉ်မှာတော့ မထင်မှတ်ပဲ ကိုလံဘီယာအသင်းကို ပွဲကစားချိန် ၇၁မိနစ်မှာ ရော်ဂျာ မာတီနက်ဇ် ၊ ပွဲကစားချိန်  ၈၆မိနစ်မှာသွင်းယူခဲ့တဲ့ ဇာပါတာတို့ရဲ့သွင်းဂိုးတွေနဲ့ရှုံးနိမ့်ခဲ့ရပါတယ်။
အာဂျင်တီးနားအသင်းကတော့ အဖွင့်ပွဲစဉ်မတိုင်ခင်မှာ နီကာရာဂူးအသင်းကို ၅-၁ဂိုးနဲ့အနိုင်ရရှိခဲ့ပေမယ့် အခုအဖွင့်ပွဲစဉ်မှာတော့ ကိုလံဘီယာအသင်းကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ရပါတယ်။
ပထမပိုင်းမှာတော့ ၂သင်းစလုံးဂိုးသွင်းယူနိုင်ခြင်းမရှိပဲ ဂိုးမရှိနဲ့ပထမပိုင်းပြီးဆုံးခဲ့ပေမယ့် ဒုတိယပိုင်းအရောက်မှာတော့ ကိုလံဘီယာအသင်းဟာ မက်ဆီပါဝင်တဲ့ အာဂျင်တီးနားအသင်းကိုဖိအားပေးကစားနိုင်ခဲ့ပါတယ်။
ထို့အပြင် ကိုလံဘီယာအသင်းတောင်ပံကစားသမား ကွာဒရာဒိုကိုလည်း အာဂျင်တီးနားနောက်တန်းကစားသမားတွေခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရသလို နောက်ခံလူ အော်တာမန်ဒီရဲ့ခေါင်းတိုက်ချက်ကိုလည်း ဂိုးသမား အော့စပီနာလက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။
ဒါကြောင့်ပွဲပြီးဆုံးချိန်မှာတော့ ကိုလံဘီယာအသင်းဟာ ပွဲကစားချိန် ၇၁မိနစ်မှာသွင်းယူခဲ့တဲ့ မာတီနက်ဇ် ၊ ပွဲကစားချိန် ၈၆မိနစ်မှာသွင်းယူခဲ့တဲ့ ဇာပါတာတို့ရဲ့သွင်းဂိုးတွေနဲ့ အာဂျင်တီးနားအသင်းကိုအဖွင့်ပွဲစဉ်မှာအနိုင်ယူနိုင်ခဲ့ပါတယ်။

#ကိုလံဘီယာ