ရှေ့သို့
Image

ကိုပါအမေရိကဖလားအုပ်စုပွဲစဉ်၊ အာဂျင်တီးနား - ကိုလံဘီယာ ပွဲကြိုခန့်မှန်းချက် (နံနက် ၄း၃၀)

2:49 PM, 15 June

ကစားမယ့်ကွင်း - ဖွန်တီနိုဗာ (ဆယ်လ်ဗာဒေါ၊ ဘာဟီယာ)

ကစားမယ့်နေ့ - ၁၆.၆.၂၀၁၉၊ တနင်္ဂနွေနေ့၊ နံနက် ၄း၃၀ (မြန်မာစံတော်ချိန်)

အာဂျင်တီးနားအသင်း အခြေအနေ

--------------------------------

ဒီနှစ်ပြိုင်ပွဲဝင် အာဂျင်တီးနားအသင်းက လူငယ်၊ လူကြီး မျှတစွာပါဝင်နေပြီး မက်ဆီအတွက် အရေးပါနေတဲ့ပြိုင်ပွဲလည်းဖြစ်ပါတယ်။ 

ကိုလံဘီယာအသင်း အခြေအနေ

-----------------------

နည်းပြကားလို့စ်ကွီရော့ဇ်ရဲ့နည်းဗျူဟာက ခန့်မှန်းရခက်နေပြီး ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကလည်း မက်ဆီနဲ့အပြိုင် ထင်ပေါ်နိုင်ဖို့ ကြိုးစားမှာသေချာပါတယ်။

ခန့်မှန်းချက်

------------

ပြိုင်ပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ခြေစမ်းပွဲမှာ အသီးသီးဂိုးပြတ်အနိုင်ရထားတဲ့အသင်းတွေဖြစ်ပြီး ခြေစွမ်းပိုင်းအရလည်း သိပ်မကွာကြပါဘူး။

ဒါကြောင့်လည်း အာဂျင်တီးနားက -၆၅ အကျောပေးထားတာဖြစ်ပြီး ဂိုးပေါင်းကလည်း ၂-၃၀ ဆိုပြီး ခပ်ပျော့ပျော့ဖွင့်လှစ်ထားပါတယ်။ 

တစ်သင်းအကြောင်း တစ်သင်းကောင်းကောင်းသိနေတဲ့ပွဲဖြစ်လို့ ကစားပေါက် ကျပ်နေနိုင်ပြီး အားကုန်ရုန်းကစားမယ့်မက်ဆီနဲ့အတူ အာဂျင်တီးနားအသင်း အဖွင့်လှမယ်ထင်ပါတယ်။

#ကိုလံဘီယာ #ပွဲကြိုသုံးသပ်ချက် #ကိုပါအေမရိက