ရှေ့သို့
Image

ရိုနယ်ဒိုက ရိုထရီဂွက်ကို ဂျူဗင်တပ်မှာ လိုချင်နေတာပါ- မက်သရူး

1:03 PM, 15 June

ကိုလံဘီယာသား ရိုထရီဂွက်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ အငှါး နဲ့ နှစ်နှစ်ကြာ သွားရောက် ကစားနေခဲ့ပြီးနောက် ဒီနွေရာသီမှာ အသင်းပြောင်းဖွယ်ရှိတယ်လို့ ယူဆထားကြပါတယ်။

ဂျူဗင်ကစားသမား ရိုနယ်ဒိုကတော့ ရိုထရီဂွက်နဲ့ အတူတကွပြန်လည်ကစားလိုနေတယ်လို့ ဘိုင်ယန်ကစားသမားဟောင်း မက်သရူးကပြောကြားခဲ့ပါတယ်။

ASသတင်းမှာ မက်သရူးက "ကျွန်တော်တို့ ပြီးခဲ့တဲ့ နှစ်ပတ်က စကားပြောခဲ့ကြပါတယ်။ ဘိုင်ယန် ဖလားအောင်ပွဲခံခဲ့တဲ့ အချိန်ပေါ့။ ရိုထရီဂွက်ကို ဂျူဗင်နဲ့ သင့်တော်တယ်လို့ မြင်ပါတယ်။ သူက ရိုနယ်ဒိုနဲ့ ရင်းနှီးတယ်။ ပြီးတော့ သူရိုနယ်ဒိုနဲ့ အဆက်သွယ် ရကြောင်း ရိုနယ်ဒိုက သူ့ကို ဂျူဗင်မှာ ရှိစေချင်တယ်လို့ ပြောကြားခဲ့ကြောင်း ကျွန်တော့ကို ပြောခဲ့ပါတယ်"

"ဘာကြောင့်လဲဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဂျိမ်းစ်က ရိုနယ်ဒို ဂိုးတွေသွင်းနိုင်အောင် ကောင်းကောင်းထောက်ပံ့ ပေးနိုင်တယ်။ ပြီးတော့ သူတို့နှစ်ယောက်လုံး ခြေစွမ်းပြနိုင်လိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

ရိုထရီဂွက်ဟာ ရိုနယ်ဒိုနဲ့ အတူ ရီးရဲ မက်ဒရစ်အသင်းကို လာလီဂါဖလားရရှိအောင် ကစားပေးထားခဲ့ပြီး ချန်ပီယံလိဂ်ဖလားနှစ်လုံး ကမ္ဘာ့ကလပ်ဖလား နှစ်ကြိမ် ရရှိအောင် စွမ်းဆောင်ပေးထားခဲ့ပါတယ်။

သူဟာ ဘိုင်ယန်အသင်းမှာလဲ အကောင်းဆုံးကစားပေးထားပြီး ၆၇ ပွဲ ကစားပေးထားကာ ၁၅ ဂိုး အထိသွင်းယူပေးထားခဲ့ပါတယ်။

သူ့ဘ၀ရဲ့ နောက်တစ်ဆင့်အနေနဲ့ အီတလီမှာ အခြေ ချဖြစ်ဖို့ ရှိနေပြီး ဂျူဗင်တပ်အသင်းကလဲ သူတို့ရဲ့ ကစားသမား ရိုနယ်ဒိုကို ပိုမိုပျော်ရွှင်အောင် ဖြည့်ဆည်းပေးလိုနေပြီး အသင်းအတွက် ပိုမိုစွမ်းဆောင်ပေးနိုင်ဖို့အတွက် ပြုလုပ်ပေးလိုနေတာလဲ ဖြစ်ပါတယ်။
#စီးရီးအေ #မက်သရူး