ရှေ့သို့
Image

''မာနေးဟာ ပြီးပြည့်စုံတဲ့ကစားသမား '' လို့ပြောဆိုကာ ချီးကျူးလိုက်တဲ့ ဖာမင်နို

10:12 AM, 15 June

ဆီနီဂေါနိုင်ငံသားဟာ လီဗာပူးလ်အတွက် အမြဲတမ်းထူးခြားမှုတွေကိုသာလုပ်ဆောင်ပေးပြီး ပြီးပြည့်စုံတဲ့ ကစားသမားပါလို့  အသင်းဖော် ဖာမင်နိုက ပြောဆိုလိုက်ပါတယ်။

ဆာလတ်ဟာလည်း မာဆေးဆိုက်တွင်ရှိခဲ့တဲ့ နှစ်ရာသီတွင် ခြေစွမ်းပြကစားခဲ့ပြီး ဖာမင်နိုဟာလည်း အလုပ် ကြိုး စားပြီး အသင်းအတွက် ပေးဆပ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။

မာနေးဟာ လီဗာပူးလ်ရဲ့ကြောက်မက်ဖွယ်ရာကောင်းတဲ့ရှေ့တန်းတွင် တတိယမြောက် ကစားသမားဖြစ်ပြီး အသက် ၂၇နှစ် အရွယ်ကစားသမားဟာ ညာဘက်တွင် အရမ်းကောင်းမွန်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

သူဟာ ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုကို အခြားသောကစားသမားများနှင့်အတူ ၂၂ ဂိုး သွင်းယူကာ ရရှိခဲ့ပြီး ပြိုင်ပွဲစုံတွင် ၂၆ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။

''မာနေးဟာ အထင်ကြီးစရာကောင်းတဲ့ကစားသမားပါ။ သူဟာ မောပန်းခြင်းမရှိဘဲ ပွဲတိုင်းလိုလိုမှာ အာရုံစိုက်မှု အပြည့်ဖြင့် ကစားတဲ့သူလည်းဖြစ်ပါတယ် '' လို့ ဘရာဇီးနိုင်ငံသာ ဖာမင်နိုက အသင်းရဲ့ တရာဝင် ၀က်ဆိုက်ဒ်သို့ ပြောပါတယ်။

''သူ့ရဲ့ နည်းစနစ်ပိုင်းရာအရည်အချင်းက ပြောစရာကိုမလိုပါဘူး။ ကျွန်တော့်တို့အတွက် အမြဲတမ်းထူးခြားမှုတွေကို ပေးနေပါတယ်။
သူဟာ အံ့သြဖွယ်ရာပုံစံတွေနဲ့ ကောင်းမွန်တဲ့ကစားသမားပါ။ ဒါက သူ့ရဲ့ယုံကြည်မှုအတွက် အရမ်းကို အရေး ကြီးပါတယ် ''

''ကွင်းပြင်ပမှာ ကျွန်တော်တို့ဟာ တော်တော်လေးစကားပြောဖြစ်ကြပြီး ပြင်သစ်လိုပဲပြောကြပါတယ်။ ကျွန်တော့် ရဲ့ ပြင်သစ်လိုပြောဆိုမှုက အင်္ဂလိပ်လိုပြောတာထက်ကိုပိုကောင်းလာပါတယ်။ ဒီရာသီတွင် မာနေးကတော့ ကျွန် တော်တို့အတွက် အရေးကြီးတဲ့ကစားသမားတစ်ယောက်ပါ ''

ဖာမင်နိုနှင့် မာနေးတို့ဟာ ၂၀၁၈-၁၉ ရာသီတွင် ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့ပြီး သမိုင်းကြောင်းတစ်လျှောက်တွင် အသင်းရဲ့ ၆ ကြိမ်မြောက် ဥရောပဖလားကို ရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဆုဖလားပြိုင်ဆိုင်မှုတွင် လီဗာပူးလ်ဟာ မန်စီးတီးကို အနီးကပ်ဖိအားပေးနိုင်ခဲ့ပြီး အင်္ဂလန်တွင် ပထမဆုံး ကစားခဲ့တဲ့ရာသီဟာ အောင်မြင်မှုရရှိဖို့အတွက် နှေးကွေးခဲ့ပါတယ်လို့ ဖာမင်နိုက စဉ်းစားနေမိပါတယ်။

''အားလုံးခြုံကြည့်လိုက်မယ်ဆိုရင် ကျွန်တော့်အတွက် လီဗာပူးလ်ရဲ့ ပထမဆုံးရာသီက ကောင်းမွန်ခဲ့ပါတယ် လို့ ထင်ပါတယ်။ ပထမရာသီမှာ သင်ယူစရာတွေရှိသေးတယ်ဆိုတာကို ကျွန်တော်သိခဲ့ပါတယ်။  ပွဲအနည်းငယ်လောက်မှာတော့ ကျွန်တော်ဟာ မကစားခဲ့ရတဲ့အတွက်ကြောင့် လွယ်ကူတဲ့စတင်မှုမဟုတ်ဘူး ဆိုတာကိုတော့ သတိရမိနေပါတယ် ''

''အလုပ်ကြိုးကြိုးစားစားလုပ်ပြီး သည်းခံရမယ်လို့ ကျွန်တော့်ကိုယ်ကျွန်တော်ပြောခဲ့သော်လည်း လုပ်ဆောင်ဖို့က မလွယ်ကူခဲ့ပါဘူး။ အရင်ထက်စာရင်တော့အခုအချိန်မှာ ပိုပြီးတော့ ပွဲထွက်ကစားခဲ့ရပါတယ်။  ပိုပြီးပွဲထွက်ကစားရလေလေ ဘောလုံးကစားရတာ ပိုပြီးပျော်ရွင်လာလေပါပဲ။ ကျွန်တော်ဟာ အသင်းရဲ့ အရေး ကြီးတဲ့ အစိတ်အပိုင်းဖြစ်လာတယ်လို့ထင်မိပြီး ကောင်းမွန်တဲ့ရာသီဖြစ်ခဲ့ပါတယ်လို့ထင်ပါတယ်'' လို့ ဖာမင်နိုက ပြောပါတယ်။

အခုတော့ လီဗာပူးလ်အသင်းဟာ အနားယူနေပြီး ၂၀၁၉-၂၀ ရာသီအတွက် ဖွင့်ပွဲစဉ်ကိုတော့ သြဂုတ်လ ၉ ရက် နေ့တွင် တန်းတက်လာတဲ့အသင်းဖြစ်တဲ့ နော့ဝှစ်နှင့်ကစားရမှာဖြစ်ပါတယ်။

#လီဗာပူး #ဖာမီနို