ရှေ့သို့
Image
အနာဂတ်ကိုမကြာခင်မှာဆုံးဖြတ်သွားမယ်လို့ ရာဘီအော့အတည်ပြု
9:44 AM, 15 June
အဆိုပါအသက် ၂၄နှစ် အရွယ်ကစားသမားကိုတော့ လာလီဂါကလပ်တွေဖြစ်တဲ့ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်အသင်းတို့က ခေါ်ယူဖို့ချိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ အဆိုပါကလပ်အသင်း ၂ သင်းဟာ ကစားသမားကိုခေါ်ယူဖို့လက်လျော့ခဲ့ပြီဖြစ်ကာ အီတလီကလပ် ဂျူဗင်တပ်စ်အသင်းခေါ်ယူဖို့ချိတ်ဆက်နေပါတယ်။
“ဂျူဗင်တပ်စ်အသင်းကခေါ်ယူဖို့ချိတ်ဆက်နေတယ်ဆိုတာအမှန်တွေပါ။ အီတလီနိုင်ငံကလည်း တကယ်ကောင်းတဲ့နိုင်ငံတစ်ခုပါ။ ဆွေးနွေးမှုတွေပြုလုပ်နေတုန်းပါ”လို့ သူကပြောပါတယ်။
ကွင်းလယ်ကစားသမား ရာဘီအော့ကိုတော့ ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းကလည်းခေါ်ယူဖို့ချိတ်ဆက်နေတယ်လို့ သတင်းတွေကဆိုပါတယ်။
“မန်ယူအသင်းကလည်း အသင်းကောင်းတစ်သင်းပါ။ ဂျူဗင်တပ်စ်ကောပေါ့။ အခုတော့ ကျွန်တော် အနားယူပါဦးမယ်။ ပြန်လာရင်တော့ ကျွန်တော့်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်သွားမှာပါ”လို့ ရာဘီအော့ကပြောကြားခဲ့ပါတယ်။
#မန်ချက်စတာယူနိုက်တက် #ရာဘီအော့