ရှေ့သို့
Image

မာရာဒိုနာဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့သော်လည်း မက်ဆီကိုသာပိုပြီးနှစ်သက်ပါတယ် - ဟက်ဆန်အိုဒိုအီ

9:20 AM, 15 June

အာဂျင်တီးနားရဲ့ ဂန္တ၀င်ကစားသမား မာရာဒိုနာကို လေးစားမိကြောင်း ပြောဆိုခဲ့သော်လည်း မက်ဆီကိုသာ ပိုပြီး နှစ်သက်မိပါတယ်လို့ ချဲလ်ဆီးအသင်းရဲ့ လူငယ်ကစားသမား အိုဒိုအီကပြောဆိုလိုက်ပါတယ်။

အာဆစ်ဖ်ကာပဒီးယား ရိုက်ကူးတဲ့ မာရာဒိုနာရဲ့ ဘ၀နှင့် ဘောလုံးသမားဘ၀အကြောင်း ရုပ်ရှင်ကို ယူကေရှိ ရုပ်ရှင်ရုံများတွင် ပြသခဲ့ပါတယ်လို့ ဒီတစ်ပတ်က သတင်းတွင် မာရာဒိုနာက ပြောသွားခဲ့ပါတယ်။

နာပိုလီတွင် အောင်မြင်ခဲ့တဲ့ ၇နှစ်တာကာလအတွင်း မာရာဒိုနာရဲ့ အကြောင်းများကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ရဲ့ လန်ဒန်တွင်ပြုလုပ်တဲ့ပွဲကို အိုဒိုအီက တက်ရောက်ခဲ့ပါတယ်။

''ကျွန်တော်ဟာ မာရာဒိုနာကို အရမ်းကြိုက်တဲ့ ပရိသတ်တစ်ဦးပါ။ ကျွန်တော်ငယ်ငယ်ကတည်းက သူ့ရဲ့ ပွဲတွေ ကိုစောင့်ကြည့်ခဲ့တာပါ '' လို့ ချဲလ်ဆီးရဲ့တောင်ပံကစားသမားက Goal သို့ပြောပါတယ်။

''သူဟာ ကြီးကျယ်ခမ်းနားတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး ဘယ်ခြေသန်တဲ့သူဖြစ်ပါတယ်။ သူဟာ လိမ်ခေါက်ပြီး ဂိုးသွင်းရတာကို နှစ်သက်တဲ့သူလည်း ဖြစ်ပါတယ်။ ကျွန်တော်ကတော့ သူ့ကို အားပေးတဲ့ ပရိသတ် တစ်ဦးပါ။ ၁၉၈၆ ခုနှစ်ကမ္ဘာ့ဖလား သူရဲကောင်းထံမှ မည့်သည့်အရည်အချင်းကိုယူချင်သလဲလို့မေးရာတွင်  ဖြစ်နို်င်သလောက်ဂိုးတွေဖန်တီးပြီးသွင်းယူတာကို သဘောကျပါတယ် '' လို့ သူက ပြန်ဖြေခဲ့ပါတယ်။

"ပြိုင်ပွဲအတွင်းမှာသူက ယုံကြည်မှုအပြည့်ဖြင့်ကစားခဲ့ပြီး ဘာကိုမှဂရုမစိုက်ဘဲ တစ်ခုခုလုပ်ဖို့ကိုသာ ကြိုးစားနေကာ အမှားလုပ်ခဲ့တယ်ဆိုရင်တောင် သူကဆက်ပြီးကစားနေတုန်းပါပဲ။ ကျွန်တော်ဟာလည်း အဲ့ဒီလိုယုံကြည်မှုမျိုးကို ရရှိပြီး ထိန်းထားနိုင်မယ်လို့ ထင်ပါတယ် ''

''ဘောလုံးပရိသတ်တွေကြားမှာ အပြန်အလန်ပြောဆိုမှုတွေရှိနေကြပြီး အထူးဖြင့် အာဂျင်တီးနားမှာပါ။  သူတို့နှစ်ယောက်စလုံးက ကြီးကျယ်ခမ်းနားတဲ့ကစားသမားတွေပါ။ သူတို့တွေရဲ့ခေတ်မှာ အကောင်းဆုံး လုပ်ဆောင်ခဲ့ကြသူတွေကြည့်ပါပဲ '' လို့ အိုဒိုအီကပြောပါတယ်။

မက်ဆီက ''အရမ်းကိုကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ကမ္ဘာပေါ်မှာအကောင်ဆုံးကစားသမား လည်း ဖြစ်ပါတယ်။ လက်ရှိမှတော့ မက်ဆီရဲ့ပွဲတွေကိုပိုပြီးကြည့်ဖြစ်တဲ့အတွက်ကြောင့် မက်ဆီကိုပိုပြီးနှစ်သက်မိပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ် ''

အိုဒိုအီဟာ ဖနောင့်ကြောဒဏ်ရာခွဲစိတ်မှုနေ ပြန်လာသက်သာလာတာဖြစ်ပြီး အဲ့ဒီဒဏ်ရာကြောင့်ပဲ  ချဲလ်ဆီးရဲ့ နောက်ဆုံးပွဲစဉ်များကိုလွဲချော်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတွင်သူဟာ ၂၄ ပွဲအထိပွဲထွက်ကစားခဲ့ပြီး ဒဏ်ရာကြောင့် အနားမယူခင်တွင် အသင်းအတွက် ၅ ဂိုး အထိသွင်းယူပေးထားခဲ့ပါတယ်။

သူဟာ အင်္ဂလန်အတွက် မတ်လက ချက်စ်အသင်းနှင့်ကစားခဲ့တဲ့ပွဲတွင်လည်း ပထမဆုံးပါဝင်ကစားခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အသက်ငယ်ဆုံးကစားသမားလည်းဖြစ်လာခဲ့ပါတယ်။
#ဖီဖာ #မာရာဒိုနာ