ရှေ့သို့
Image

ကျန်းမာရေးအခြေအနေကြောင့် ဒိုရာဒေါ့စ် အသင်းကနေ မာရာဒိုနာ နှုတ်ထွက်

1:42 PM, 14 June

ဒိုရာဒေါ့စ်အသင်းနည်းပြ မာရာဒိုနာဟာ ကျန်းမာရေး အခြေအနေကြောင့် အသင်းနည်းပြအဖြစ်က နှုတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။

မာရာဒိုနာဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး တစ်နှစ်မပြည့်ခင်မှာပဲ ပြန်လည် ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

မာရာဒိုနာရဲ့ ရှေ့နေကတော့ "ဆရာဝန်တွေရဲ့ အကြံပြုမှုအရ ကျန်းမာရေးကို ဂရုစိုက်သွားရမှာ ဖြစ်ပြီး ခွဲစိတ်မှု ၂ခု ပြုလုပ်ရဖို့ ရှိနေပါတယ်။ သူ့ရဲ့ ပခုံးနဲ့ ဒူးတို့မှာ ဖြစ်ပါတယ်။ ဒိုရာဒေါ့စ်အသင်း မိသားစုကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အိပ်မက်တွေကို နောက်တစ်ကြိမ် အကောင် အထည်ဖော်နိုင်ဖို့ မျှော်လင့်ပါတယ်"လို့ ပြောခဲ့ပါတယ်။

ဒိုရာဒေါ့စ်အသင်းဟာ လိဂ်ဂါမက်စ်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေးဟာ အက်သလက်တီကို ဆန်လူးဝစ်ဇ်ကို ၂ကျော့ပေါင် ၂-၁ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ပျက်ပျယ်ခဲ့ရပါတယ်။

ဒိုရာဒေါ့စ်အသင်းကတော့ "ကျွန်တော်တို့ အားလုံးအတူတူ ကမ္ဘာကို အံ့သြစရာတွေ ပြသပြီးသွားပါပြီ။ အရာလုံး အားလုံးအတွက် ကျေးဇူးတင်ပြီး နေပြန်ကောင်းလာပါစလို့လည်း ဆုတောင်းပေးပါတယ် လို့ တွစ်တာမှာရေးသားခဲ့ပါတယ်။

#ဖီဖာ #မာရာဒိုနာ