ရှေ့သို့
Image

ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့ရဲ့စစ်အေးတိုက်ပွဲမှာ နောက်ဆုံးပစ်မှတ်ဖြစ်လာသူ

12:30 PM, 14 June

ပီအက်စ်ဂျီနဲ့ဘာစီလိုနာတို့ စစ်အေးတိုက်ပွဲ ဆင်နွှဲနေတာ တစ်မြေ့မြေ့နဲ့ အတွင်းမီးလှိုက်လောင်ကျွမ်းနေသလို အပြင်းထန်ဆုံးဖြစ်လာပြီး စစ်အေးတိုက်ပွဲရဲ့နောက်ဆုံးပစ်မှတ်ဖြစ်လာသူက နယ်သာလန်ကျောက်ရိုင်း ဒီလစ်ဂ်ျဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့ဘာစီလိုနာတို့ရဲ့ဆက်ဆံရေးက အကောင်းဘက်မှာရှိမနေဘဲ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကစားသမားခေါ်ယူမှုနဲ့ပတ်သက်လို့ အမြဲတမ်းနီးပါးထိပ်တိုက် တွေ့ခဲ့ရပါတယ်။

ဘာစီလိုနာအသင်းက အေဂျက်စ်အသင်းနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ပြီးနောက် ကစားသမားဆီက တုံ့ပြန်မှုကို စောင့်နေပေမယ့် ဒီလစ်ဂ်ျကို ပီအက်စ်ဂျီအသင်းက ကမ်းလှမ်းထားသလိုမျိုး ကမ်းလှမ်းဖို့တော့ အဆင်မပြေဖြစ်နေပါတယ်။

ပြင်သစ်မီဒီယာတွေကတော့ ဒီနွေရာသီအတွင်း ဒီလစ်ဂ်ျကို ပီအက်စ်ဂျီအသင်း ခေါ်ယူနိုင်လိမ့်မယ်လို့ ရေးသားနေကြပါတယ်။

သူတို့နှစ်သင်းဟာ အေဂျက်စ်ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ မကြာသေးခင်ကတောင် အားပြိုင်ခဲ့ကြပြီး အဲဒီတုန်းကတော့ ဘာစီလိုနာအသင်းက အနိုင်ရရှိခဲ့သလို အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းရဲ့အပြောင်းအရွှေ့မှာလည်း ဘာစီလိုနာအသင်းက ပီအက်စ်ဂျီထက် လက်ဦးရဖို့ ရာခိုင်နှုန်းများနေပါတယ်။

အရင်တုန်းကလည်း ဘာစီလိုနာနဲ့ပီအက်စ်ဂျီတို့ဟာ ကစားသမားသစ်ခေါ်ယူရေး၊ ကစားသမားကို ဆက်ထိန်းထားရေးတို့အတွက် စစ်အေးတိုက်ပွဲတွေ ဆင်နွှဲတာ ကြာနေပြီဖြစ်ပြီး ရာဘီယော့၊ သီယာဂိုဆေးလ်ဗား၊ မာကွင်ဟို့စ်၊ ဒေးဗစ်လူးဝစ်ဇ်နဲ့ မာကိုဗာရက်တီတို့ဖြစ်ပါတယ်။

အဲဒီမှာ အထင်ရှားဆုံးက နေမာရဲ့အပြောင်းအရွှေ့ဖြစ်ပြီး ဘာစီလိုနာအသင်းက ဘရာဇီးသားနေမာကို ရောင်းချဖို့ ငြင်းဆန်ခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းက ဘာစီလိုနာ ငြင်းလို့မရတဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၂၂၂သန်း ပေးချေကာ အရခေါ်ယူသွားတာပါ။

ဒီလစ်ဂ်ျအပြင် ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာကွင်းလယ်လူတွေဖြစ်တဲ့ ကော်တင်ဟိုနဲ့ ရာကီတစ်တို့ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဒီလစ်ဂ်ျ