ရှေ့သို့
Image

ဗီလာရီးရဲလ်ဝါရင့်ကွင်းလယ်လူ ကာဇိုလာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆို

10:11 AM, 14 June

အသင်းဟောင်းကို ပြန်လည်ရောက်ရှိလာပြီးနောက် ငယ်မူငယ်သွေးပြန်ရနေတဲ့ဗီလာရီးရဲလ်ဝါရင့်ကွင်းလယ်လူ ဆန်တီကာဇိုလာဟာ အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

အသက် ၃၄နှစ်အရွယ်ရှိ စပိန်လက်ရွေးစင် ကာဇိုလာဟာ ပြီးခဲ့တဲ့နွေရာသီက အသင်းဟောင်းကို ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ၂၀၁၉-၂၀ ရာသီအတွက် ၁နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

သူဟာ ဗီလာရီးရဲလ်ကို ပြန်လည်ရောက်ရှိလာပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံ ၄၆ ပွဲမှာ ၇ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၁ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

၂၀၁၁ခုနှစ်က ဗီလာရီးရဲလ်ကနေ မာလာဂါကို ရောက်ရှိသွားကာ အဲဒီကနေ အာဆင်နယ်ကို ရောက်ခဲ့တဲ့ ကာဇိုလာဟာ အာဆင်နယ်ကစားသမားဘ၀ နောက်ဆုံး ၃နှစ်ကို ဒဏ်ရာပြဿနာတွေနဲ့ ဖြတ်သန်းခဲ့ရပြီး
ယခုအချိန်မှာတော့ ၂၀၁၅ နောက်ပိုင်း စပိန်အသင်းမှာ ပထမဆုံးအကြိမ်ပြန်လည်ရွေးချယ်ခံရတဲ့အထိ ခြေစွမ်းပြနေတာပါ။
#လာလီဂါ #ကာဇိုလာ