ရှေ့သို့
Image

ဘောလုံးလောက ကနေ တစ်နှစ်ကြာ အနားယူသွားမယ့် အယ်လီဂရီ

10:05 AM, 14 June

ဂျူဗင်တပ်စ်အသင်းက ထွက်ခွာလာခဲ့တဲ့ နည်းပြ အယ်လီဂရီဟာ ဘောလုံးလောက ကနေ တစ်နှစ်ကြာ အနားယူသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

မိသားစုနဲ့ သူငယ်ချင်းတွေကို အချိန်ပေးချင်တဲ့အတွက် လာမယ့်ရာသီမှာ အနားယူတာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အယ်လီဂရီရဲ့ နေရာမှာတော့ ချဲလ်ဆီး နည်းပြ ဆာရီက အစားထိုး တာဝန်ယူသွားမှာ ဖြစ်ပြီး အယ်လီဂရီကတော့ သူ့ရဲ့ဘောလုံးလောကမှ အနားယူရတဲ့ ရည်ရွယ်ချက်ကို ပြောပြခဲ့ပါတယ်။။

အယ်လီဂရီက"ကျွန်တော့်ရဲ့ လူနေမှုဘ၀မှာ ပြန်လည် အခြေချဖို့အတွက် တစ်နှစ်ကြာ အနားယူသွားမှာပါ။ ကျွန်တော့်ရဲ့ မိသားစုတွေ ကလေးတွေ သူငယ်ချင်းတွေကို အချိန်ပေးသွားမှာပါ။ လွန်ခဲ့တဲ့ ၁၆နှစ်တုန်းက မိသားစုနဲ့ သူငယ်ချင်းတို့ရဲ့ အဝေးမှာ နေခဲ့ရပါတယ်။ ကျွန်တော် လာမယ့် ရာသီအတွက် အားအင်တွေ ပြည့်နေဖို့ လိုအပ်ပါတယ်"လို့ ပြောခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ နည်းပြ  ကွန်တီ ရောက်ရှိလာခဲ့ပြီး နောက်ပိုင်း စီးရီးအေကို စိုးမိုးနိုင်ခဲ့ပါတယ်။

အေစီမီလန်အသင်းကနေ အယ်လီဂရီ ပြောင်းရွေ့လာပြီးနောက်ပိုင်း ဂျူဗင်တပ်စ်အသင်းဟာ ၈နှစ်ဆက်တိုက် စီးရီးအေ ဆုဖလားကို ရရှိခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ နည်းပြသစ်ကို ကြေညာခြင်း မရှိသေးပေမယ့် အပြောင်းအရွေ့ကိစ္စတွေကို စတင်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။ နည်းစန်စ ဒါရိုက်တာ ဖေဘီယို ပါရာတီစီဟာ အင်္ဂလန်ကိုရောက်ရှိနေပြီး မန်ယူ ကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ဆွေးနွေးလျက် ရှိပါတယ်။

#စီးရီးအေ #အယ္လီဂရီ